ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်ဆေးဝါး ကီလိုဂရမ် ၂၀၀၀ ကျော် သယ်ဆောင်လာတဲ့ လှေ ၃ စင်းကို ကိုလံဘီယာရေတပ်က သြဂုတ် ၁၀ ရက်မှာ ကြားဖြတ်ဟန့်တားခဲ့ကြောင်း နိုင်ငံရဲ့အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ရေတပ်ဟာ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၁,၀၈၂ ကီလိုဂရမ်၊ ဆေးခြောက် ၉၆၄ ကီလိုဂရမ်နဲ့ ကိုကင်း ၃၆၂ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကမ်းရိုးတန်းစောင့် တပ်မှူး ဝီလ်မာ ရိုအာ မှ မျှဝေထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
“ပထမလှေမှာ လူ ၃ ဦး သယ်ဆောင်လာတဲ့ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၁,၀၈၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး ဒုတိယလှေပေါ်က နောက်ထပ် ၃ ဦးက ဆေးခြောက် ၉၆၄ ကီလိုဂရမ်ကို သယ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်းနဲ့ လူ ၂ ဦး လိုက်ပါလာတဲ့ တတိယလှေမှာတော့ အောက်ခြေမှာ ဝှက်ထားတဲ့ ကိုကင်း ၃၆၂ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပါတယ်”လို့ ကမ်းရိုးတန်းစောင့်တပ်မှူး ဝီလ်မာ ရိုအာက ပြောပါတယ်။
ကိုလံဘီယာ အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှုနဲ့ လက်ဝယ် ရှိမှုတို့အတွက် သံသယရှိသူ ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဗဟိုအမေရိကသို့ ဦးတည်သွားနေတဲ့ သင်္ဘောမှာ တင်ဆောင်လာတဲ့ ကုန်စည်တွေဟာ ဒေါ်လာ ၅၄ သန်းနဲ့ ညီမျှကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters