Home
မြန်မာသတင်း
ပဲခူးမြို့ရေကြီးနေသဖြင့်  ယာဥ်လိုင်းများ အခက်ကြုံ
DVB
·
August 11, 2023

ပဲခူးမြို့မှာ ရေကြီးရေလျှံ ဆက်ဖြစ်နေတာကြောင့် ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေအနေနဲ့ ပဲခူးမြို့အတွင်းကို တခြားအဆင်ပြေရာ လမ်းကြောင်းတွေကနေ ရှောင်မောင်းနေရတယ်လို့  ယာဥ်လိုင်းတွေကနေ သိရပါတယ်။

ပဲခူးမြစ်ရေဟာ မနေ့မနက်ကစပြီး မြင့်တက်နေတာကြောင့် မြို့တွင်း ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းပိုင်းတချို့နဲ့ အနိမ့်ပိုင်းက ရပ်ကွက်တွေ ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။

ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ Smart City ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးက "ကားတွေကတော့ ဆွဲသေးတယ်။ မြို့ရှောင်လမ်းတွေကနေ အဆင်ပြေသလိုမောင်းနေရတော့ သွားချင်တဲ့ မှတ်တိုင်အတိအကျတော့ ရောက်ဖို့မလွယ်ဘူး"လို့ ပြောပါတယ်။

တခြား ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ မီနစ်ဘတ်စ်ယာဥ်လိုင်းတွေအနေနဲ့လည်း ရေကြီးနေတဲ့အတွက် အရင်လို ကားစီးရေ အပြည့်မပြေးဆွဲနိုင်ကြဘူးလို့ သိရပါတယ်။

လက်ရှိမှာရန်ကုန်မှ ပဲခူးမြို့အဝင် တိုးဂိတ်အထိ အနိမ်းပိုင်းနေရာတွေမှာ ရေနစ်မြုပ်နေတာကြောင့်  ကားအသေးတွေအနေနဲ့ မြို့တွင်းဝင်ဖို့ အဆင်မပြေဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို ရေကြီးနစ်မြုပ်နေတာကြောင့် ကားတွေဟာ မြို့ရှောင်လမ်းတွေကနေ မောင်းရလို့ ရှောင်လမ်းတွေမှာလည်း ယာဥ်ကြောပိတ်တာတွေရှိနေပါတယ်။

ပဲခူးမြို့ခံတစ်ဦးက "ရေကတက်နေတုန်းပဲ။ မြို့တွင်းကားသေးတွေ ပေးမဖြတ်တော့ဘူးလို့လည်း ကြားတယ်။ ရေမြုပ်တဲ့အိမ်တွေက ပြည်သူတွေကတော့ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့နေကြပြီ"လို့  ပြောပါတယ်။

လက်ရှိ ပဲခူးမြို့မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၃ ခု အရေးပေါ် ဖွင့်ထားရတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024