ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းအလိုအထိ ဂျာစီရင်ဘတ်စပွန်ဆာ မရရှိသေးဘဲ ဖြစ်နေပါတယ်။
မနှစ်ကရာသီအထိ စာချုပ်ချုပ်ခဲ့တဲ့ Three နဲ့ သက်တမ်းကုန်ပြီးနောက် ဂျာစီစပွန်ဆာရဖို့ ရှာဖွေခဲ့ပေမဲ့ အဆင်မပြေသေးဘဲ ဖြစ်နေရတာပါ။
နောက်ဆုံးမှာတော့ အခပေးရတဲ့ အပြာကားဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ My Club က တစ်နှစ်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ချဲလ်ဆီးဘက်က လက်မခံခဲ့ပါဘူး။
ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဘက်ကတော့ အပြာကားဝက်ဘ်ဆိုဒ်နဲ့ လက်တွဲလိုစိတ် မရှိဘူးလို့သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Stake ဘက်က ကမ်းလှမ်းမှု ရှိခဲ့ပေမဲ့လည်း ပရိသတ်တွေအတွက် မလုပ်သင့်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။
ချဲလ်ဆီးလို ထိပ်တန်းအသင်းတစ်သင်းအတွက် ရာသီမစခင်ရက်ပိုင်းအလိုမှာ ဂျာစီရင်ဘတ်စပွန်ဆာ မရရှိသေးတာက ထူးဆန်းမှုတစ်ခုဖြစ်နေကြောင်း ဗြိတိန်မီဒီယာတွေက ရေးသား ဖော်ပြခဲ့ကြပါတယ်။