Home
အားကစား
ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို မြန်မာနှင့် နီပေါ ခြေစမ်းပွဲကစားမည်
DVB
·
August 8, 2023

မြန်မာ့လက်ရွေးစင်‌ေဘာလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြိုအဖြစ် နီပေါလက်ရွေးစင်အသင်းနဲ့ ဖီဖာ နိုင်ငံတကာ အသိအမှတ်ပြု ခြေစမ်းပွဲ ကစားသွားမယ်လို့ သြဂုတ် ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ စက်တင်ဘာ ၈ ရက်နဲ့ ၁၁ ရက်နေ့ ညနေ ၅ နာရီမှာ နီပေါလက်ရွေးစင်အသင်းနဲ့ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ၂ ပွဲ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၁၅၈ ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့အဆင့် ၁၇၆ ရှိတဲ့ နီပေါလက်ရွေးစင်အသင်းတို့ဟာ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ အောက်တိုဘာလအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပထမအဆင့်ပွဲစဉ်အဖြစ် မကာအိုအသင်းနဲ့ ၂ ကျော့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပထမအဆင့်မှာ မကာအိုကို အနိုင်ရရှိခဲ့ကာ ဒုတိယအဆင့်အဖြစ် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့ ထပ်မံကစားရမှာဖြစ်ပြီး အဆိုပါ ခြေစစ်ပွဲစဥ်တွေအတွက်လည်း ခြေစမ်းပွဲတွေ ဆက်လက်ကစားသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ဇွန်ကလည်း တရုတ်နိုင်ငံမှာ ဖီဖာ နိုင်ငံတကာ အသိအမှတ်ပြု ခြေစမ်းပွဲ သွားရောက်ယှဥ်ပြိုင်ခဲ့ပြီး တရုတ်လက်ရွေးစင်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ မကာအိုအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024