Home
နိုင်ငံတကာ
ကလေးသူငယ် အလွဲသုံးစားလုပ်မှုဖြင့် အမျိုးသား ၁၉ ဦးကို သြစတြေးလျရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
August 8, 2023

အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ဆီက ထောက်လှမ်းရေးသတင်းကို လက်ခံရရှိပြီးနောက် ကလေးသူငယ် အလွဲသုံးစားလုပ်မှုဆိုင်ရာ ကိစ္စရပ်တွေကို အွန်လိုင်းမှာ မျှဝေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား ၁၉ ဦးကို သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၈ ရက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံအတွင်းက ကလေးသူငယ် အလွဲသုံးစားမှုကို စုံစမ်းနေတဲ့ FBI သူလျှို နှစ်ယောက် ၂၀၂၁ ခုနှစ်မှာ အသတ်ခံရအပြီး ဘာကစ်စ် စစ်ဆင်ရေးလို့ခေါ်တဲ့ စုံစမ်းစစ်ဆေးမှုကို ဩစတြေးလျနိုင်ငံမှာ မနှစ်က စတင်ခဲ့တာပါ။

အဲဒီနောက် FBI ဟာ ဩစတြေးလျနိုင်ငံတွင်းမှာ သက်တူရွယ်တူအချင်းချင်း တရားမဝင် ဝက်ဘ်ဆိုက်ထဲမှာ ကလေးသူငယ် အလွဲသုံးစားပြုမှုဆိုင်ရာ အကြောင်းအရာတွေကို မျှဝေနေတဲ့ ကွန်ရက်ထဲကအဖွဲ့ဝင်တွေအကြောင်း ဩစတြေးလျရဲတွေကို သတင်းပေးခဲ့တယ်လို့ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ ဟယ်လင် ရှနိုက်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသက် ၃၂ နှစ်ကနေ ၈၁ နှစ်ကြားရှိတဲ့ အမျိုးသားတွေဟာ ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်တဲ့ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖြန့်ဝေရင်း မက်ဆေ့ချ် ပလက်ဖောင်းတွေပေါ်မှာ စာရိုက် စကားပြောရင်း ထောက်လှမ်းမှုကို ရှောင်ရှားဖို့ ကုဒ်ဝှက်စနစ်ကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဩစတြေးလျမှာ ပြစ်မှုကျူးလွန်သူ အများစုဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမြင့်မားဖို့ လိုအပ်တဲ့ အလုပ်အကိုင်တွေမှာ အလုပ်လုပ်နေကြတယ်လို့ ရှနိုက်ဒါက ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024