အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်ရှိ ပလတ်စတစ် ပြန်လည်သန့်စင်ရေး စက်ရုံတစ်ခုမှာ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းက ကြီးမားတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားချိန်မှာ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့တွေ ရောက်လာခဲ့သလို တာဝန်ရှိသူတွေကလည်း ကျန်မားရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဘတ်ကာကီးမြို့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ အများအပြားနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း မီးအရှိန် ပြင်းထန်လာတာနဲ့အမျှ ထိန်းချုပ်ရ ခက်ခဲလာတာကြောင့် နည်းလမ်း ပေါင်းစုံနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမယ့်လည်း မီးခိုးငွေ့တွေနဲ့အတူ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေ ပျံ့လွှင့်နေတာကြောင့် ဒေသတွင်းမှာ ကျန်းမာရေးဆိုင်ရာ သတိပေးချက် တစ်ခု ထုတ်ပြန်ထားပါတယ်။
အယ်လ်ဘတ်ကာကီး မြို့ရဲ့အရှေ့တောင်းပိုင်းနဲ့ ဆောက်ဗယ်လီမြို့ငယ်လေးရဲ့ အစိတ်အပိုင်းတွေမှာ ဒီမီးခိုးငွေ့တွေ ပျံ့နှံ့နေတာနဲ့ ပက်သက်ပြီး အပြင်ထွက်သွားလာတာမျိုး မလုပ်ကြဖို့အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက အခိုင်အမာ အကြုံပြုထားပါတယ်။
Source-Reuters