ပါကစ္စတန်တောင်ပိုင်းမှာ သြဂုတ် ၆ ရက်က ခရီးသည်တင်ရထားလမ်းချော်ခဲ့လို့ လူ အယောက် ၃၀ ထက်မနည်း သေဆုံးပြီး အယောက် ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာရုပ်သံဌာန Geo က ခရိုင်အရာရှိ တဦးကို ကိုးကား ဖော်ပြပါတယ်။
နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချီကနေ မိုင်၁၇၀ လောက် ကွာဝေးတဲ့ ဆင်းဒ်ပြည်နယ်တောင်ပိုင်း နဝပ်ဘ်ရှားခရိုင်မှာ ခရီးသည်တင် ရထားတစ်စီးရဲ့ ရထားတွဲ ဆယ်တွဲလောက် လမ်းချော်ခဲ့တာပါ။
လူတချို့ ရထားတွဲထဲမှာ ပိတ်မိနေသေးတယ်လို့ Geo TV က ဖော်ပြခဲ့ပြီး တခြားသူတွေကို ဆေးရုံဆီ ပို့ဆောင်ခဲ့ ပါတယ်။
ပါကစ္စတန်ရဲ့ ဆွေးမြေ့နေတဲ့ ရထားလမ်းစနစ်မှာ မတော်တဆမှုတွေ အဖြစ်များပြီး အစိုးရ အဆက်ဆက်က တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းရဲ့ အခြေခံအ ဆောက်အအုံဆိုင်ရာ စီမံကိန်းတွေအတွက် ရထားလမ်းကွန်ရက်ကို အဆင့်မြှင့်တင်ရေး ရန်ပုံငွေရရှိဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြ ပါတယ်။
Source-Reuters