ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ဒေသက နိုဗိုဆေလစ်ဗ်စကယ် ရွာကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ကူပြန့်စ်ခ်ဒေသမှာ ရုရှားတပ်ဖွဲ့ဝင်အများအပြား ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ဇူလိုင် ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေက ယူကရိန်းအရှေ့နဲ့ တောင်ဘက်တို့မှာ တန်ပြန်ထိုးစစ်တရပ် ဆင်နွှဲခဲ့ပါတယ်။
ဒါပေမယ့် မနှစ်နှောင်းပိုင်းက ယူကရိန်းက ပြန်သိမ်းယူထားတဲ့ နိုင်ငံအရှေ့မြောက်ဘက်က ကူပြန့်စ်ခ်နဲ့ လေးမန်းမြို့နားမှာ ရုရှားလှုပ်ရှားမှု ပြင်းထန်လာနေတယ်လို့ တာဝန်ရှိသူတွေက ထောက်ပြခဲ့ပါတယ်။
Source-Reuters