Home
နိုင်ငံတကာ
အမေရိကန်ထီ အမြင့်ဆုံးဆုကြေး ဒေါ်လာ ၁ ဘီလီယံကျော်ဖြစ်လာ
DVB
·
August 5, 2023
download (3)

အမေရိကန်နိုင်ငံရဲ့  မက်ဂါ မီလီယံစ် အမည်ရ ထီဆုကြီးရဲ့  အမြင့်ဆုံး ဆုကြေးက ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံအထိ ရောက်ရှိနေပြီလို့ သိရပါတယ်။ 

ဒီ ထီဆုကြီးရဲ့ ပေါက်နိုင်ခြေဟာ သန်းပေါင်း ၃၀၀ မှာ တပုံသာ ရှိတာကြောင့် ထီလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။

အမြင့်ဆုံးဆုကြေးဟာ ငွေသားနဲ့ဆိုရင် ဒေါ်လာ ၆၂၅ ဒသမ ၃ သန်းအထိ တန်ကြေးရှိတယ်လို့ သိရ ပါတယ်။ 

ဒါ ဟာ ၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ထီဆုကြီးရဲ့ သမိုင်းတလျှောက် စတုတ္ထမြောက် ပမာဏအများဆုံး ဆုကြေးလည်းဖြစ်ပါတယ်။ 

သြဂုတ် ၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ရွေးချယ်သွားမယ့် ထီလက်မှတ်ရဲ့   ၂ လုံးတွဲ ဂဏန်း ၆ စုံအထိ အားလုံးတူညီမှသာ အမြင့်ဆုံးဆုကြေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

သြဂုတ် ၁ ရက်က နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ ထီလက်မှတ်ရဲ့ ဂဏန်း ၆ စုံမှာတော့ ၅ စုံအထိ နံပါတ်တူညီတဲ့ လက်မှတ် ၇ စောင် ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းစီပဲ ရရှိခဲ့ကြပါတယ်။ 

အမြင့်ဆုံးဆုကြေးရရှိနိုင်မယ့် ထီလက်မှတ်ရဲ့ ဂဏန်း ၆ စုံလုံးနဲ့ ကိုက်ညီခဲ့တာမျိုး မရှိသေးဘူး လို့ ဆိုပါတယ်။ 

မက်ဂါ မီလီယံစ် ထီဆုကြီးရဲ့ အမြင့်ဆုံးဆုကြေးကို ပြီးခဲ့တဲ့ဧပြီလတုန်းက နယူးယောက်မြို့မှာ နေထိုင်သူတယောက်က နောက်ဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တာပါ။ 

ဒီ ထီဟာ အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့တိုင်းမှာ ဆုရွေးချယ်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024