Home
နိုင်ငံတကာ
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရ
DVB
·
August 5, 2023

ပါကစ္စတန် ရဲတပ်ဖွဲ့ဟာ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို လာဟိုးမြို့အရှေ့ပိုင်းက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ အင်မ်ရန်ခန်းရဲ့ ရှေ့နေ အင်န်တာဇာ ဟူစိန် ပန်ဂျူသာ က ရိုက်တာကို သြဂုတ် ၅ ရက်မှာ ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းတွေကို တရားမဝင်ရောင်းချမှုနဲ့ စနေနေ့မှာ အင်မ်ရန်ခန်းကို ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချမှတ်လိုက်ကြောင်း ဒေသခံမီဒီယာ ချန်နယ်တွေက ထုတ်လွှင့်ပါတယ်။ 

ဒီအမှုဟာ ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်နေပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် တာဝန‌ေထမ်းဆောင်ခဲ့တဲ့ အင်မ်ရန်ခန်းဟာ နိုင်ငံတော်လက်ဆောင်တွေကို တရားမဝင် ရောင်းချမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။

ဒီအမှုစီရင်ချက်ဟာ နို၀င်ဘာလအစောပိုင်းမှာ ကျင်းပမယ့် အမျိုးသာရွေးကောက်ပွဲတွေမှာ အင်မ်ရန်ခန်း ပါဝင်ခွင့်မရအောင် အဆုံးသတ်သွားစေတယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

မေလတုန်းက ပါကစ္စတန်အာဏာပိုင်တွေဟာ အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွှယ်ပြီး အင်မ်ရန်ခန်းကို ဖမ်းဆီးခဲ့ပြီး အဲဒီအချိန်မှာ တနိုင်ငံလုံး မငြိမ်မသက်တွေဖြစ်ပွားခဲ့လို့ ရက်ပိုင်းအတွင်းမှာပဲ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ 

အင်မ်ရန်ခန်းဟာ ရာထူးဖြုတ်ချခံရပြီးကတည်းက အကျင့်ပျက်ခြစားမှု၊ လူသတ်မှုနဲ့ ရုန်းရင်း ဆန်ခတ်မှုအပါအဝင် မတူညီတဲ့အဖွဲ့အစည်းတွေရဲ့ စွဲချက်ပေါင်းများစွာကို တရားရုံးတွေမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024