Home
နိုင်ငံတကာ
ထိုင်းတွင် ရထားနှင့် ကားတိုက်မိပြီး ၈ ဦးသေဆုံး
DVB
·
August 5, 2023

ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ချာချောင်ဆောပြည်နယ်မှာ မီးရထားသံလမ်းကိုဖြတ်ကူးတဲ့ ထရပ်ကားနဲ့ ကုန်တင်ရထားတို့ သြဂုတ် ၄ ရက်နေ့မှာ တိုက်မိပြီး ၈ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေပြောခဲ့တာကို Khaosod English က ကိုးကားပြီး ဖော်ပြထားပါတယ်။

ချာချောင်ဆောပြည်နယ်၊ မောင်ခရိုင်၊ ချောင်းအူဒမ်ချွန်လာဂျွန်ဘူတာနားမှာ မီရထားဖြတ်နေချိန် အလုပ်သမားတွေတင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားက ဒေသစံတော်ချိန် မနက် ၂ နာရီကျော်မှာ အတင်းဝင်ရောက် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံအစိုးရမီးရထားဌာန (SRT)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျုံမှုန့်တွေအပြည့်တင်ထားတဲ့ ကုန်စည်ပို့ဆောင်ရေးရထား အမှတ် ၈၈၃ ဟာ လက်ကာရာဘန်ကနေ လင်ချမ်ဘမ်ကို ပြေးဆွဲနေတာဖြစ်ပြီး တိုက်မိခဲ့တဲ့ကားကတော့ ကြေးရောင်အူဇီပစ်ကပ်ထရပ်ကားဖြစ်ပြီး ငါးဖမ်းအလုပ်သမားတွေ တင်ဆောင်လာ ပါတယ်။

မီးရထားဖြတ်ကူးတဲ့နေရာမှာ ဂိတ်မရှိပေမယ့် သတိပေးဆိုင်းဘုတ်တွေနဲ့ အချက်ပြမီးတွေ တပ်ဆင်ထားသလို မီရထားကလည်း ဥဩ ၃ ကြိမ်ဆွဲသတိပေးပေမယ့်  ထရပ်ကားက အတင်းဖြတ်ကူးတာကြောင့် အခုလို တိုက်မိတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ထရပ်ကားမှောင်းနှင်သူ ဝီချိုင်းကို ယာဉ်တိုက်မှုမှာသေဆုံးစေမှုနဲ့ စွဲချက်တင်ဖို့ ရဲတပ်ဖွဲ့က ဆင့်ခေါ်ခဲ့ပါတယ်။

လက်ရှိမှာ မီးရထားလမ်းတလျှောက်အသုံးပြုနေတဲ့ အတားအဆီးလမ်းကူတံတား ၁၄၅၈ ခုရှိပြီး  ၆၉၃ ခုက ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းနေတယ်လို့ ထိုင်မီးရထားတပ်ဖွဲ့က ဆိုပါတယ်။

Khaosod English

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024