Home
နိုင်ငံတကာ
ရုရှားကင်းထောက်စစ်သင်္ဘောကို ယူကရိန်း တိုက်ခိုက်ရန် ကြိုးစား
DVB
·
August 3, 2023

ပင်လယ်နက်အတွင်း အရပ်ဘက် သယ်ယူပို့ဆောင်ရေး သင်္ဘောတစီးအတွက် ကင်းထောက်ပေးနေတဲ့ ရုရှားစစ်သင်္ဘောတစီးကို ယူကရိန်းရေတပ်ရဲ့ မောင်းသူမဲ့ လေယာဉ်တစင်းက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။

ပင်လယ်နက်ထဲက ရုရှားရေတပ်နဲ့ အရပ်ဘက် သင်္ဘောတွေပေါ်မှာ ယူကရိန်းပင်လယ်ပြင်က မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးပိတ်ပင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဩဂုတ် ၁ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

စစ်သင်္ဘောက ဒရုန်းကို ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောဆိုခဲ့ပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ယူကရိန်းအစိုးရဟာ ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ရုရှားရေတပ်အခြေစိုက်စခန်းနဲ့ ကျွန်းဆွယ်နဲ့ ကုန်းမကို ဆက်ဖို့ ရုရှားတည်ဆောက်ခဲ့တဲ့ တံတားတွေကို ပစ်မှတ်ထားဖို့ ဒရုန်းတွေကို အရင်တုန်းက သုံးခဲ့ပါတယ်။

ရုရှားဟာ ခရိုင်းမီးယားကို ယူကရိန်းဆီကနေ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ထောင်သောင်းချီတဲ့ တပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံဆီ စေလွှတ် တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားအစိုးရက သိမ်းယူထားတဲ့ တခြားနယ်မြေတွေနဲ့အတူ ခရိုင်းမီးယားကို ပြန်ယူဖို့ ယူကရိန်းအစိုးရက ကတိပြုခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024