မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စျေးကြိုပွဲရုံတန်း ငွေဇင်ယော် ၃ လမ်းမှာ ကား ၄ စီးနဲ့ သုံးဘီးယာဉ်တစ်စီး စုစုပေါင်း ၅ စီး ဆင့်တိုက်မှုဖြစ်ပွါးခဲ့ပြီး လူ တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဩဂုတ်လ ၃ ရက် ဒီနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ အချိန်မှာ ၆ ဘီးကုန်တင်ကားက ဘရိတ်ပေါက်ပြီး ၁၂ ဘီး ကား၂ စီး၊ မှန်လုံယာဉ်ငယ် ၁ စီးနဲ့ သုံးဘီးဆိုင်ကယ်တစ်စီးတို့ကို အဆင့်ဆင့် တိုက်မိခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့် သုံးဘီးယာဉ်မောင်း အမျိုးသား ခေါင်းနဲ့ ခြေထောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မျက်မြင်တွေ့သူတဦးက “ ၆ ဘီးကားက အရှိန်များတယ်။ ဘရိတ်ကလည်းပေါက်သွားတော့ အရှေ့ကကားကို သွားပြေးတိုက်တာပေါ့။ ကျန်တဲ့ ကားတွေကလည်း အဲ့လိုဘဲ အဆင့်ဆင့်တိုက်မိသွားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလကလည်း မော်လမြိုင်စျေးကြိုနားမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့ပါတယ်။