Home
မြန်မာသတင်း
၁ လအတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၂၇၄၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
August 2, 2023

ပြီးခဲ့တဲ့ ဇူလိုင်တလတာအတွင်း စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ်ထိ ကျူးလွန်ခဲ့ကြပြီး တိုင်းနဲ့ ပြည်နယ် ၇ ခုက အရပ်သားနေအိမ် အလုံး ၂,၇၄၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၅၅ ကြိမ်နဲ့ အများ ဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ်အလုံး ၁,၇၅၀ အထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၉ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦး ၁ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၇ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၄၄၁ လုံးအထိ ရှိခဲ့ပြီးတော့ မီးရှို့သတ်ဖြတ်ခံရသူ ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၅ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃၇၁ လုံးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၉၇ လုံးအထိ ရှိခဲ့ကာ ပဲခူးတိုင်းမှာလည်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၉ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၆၃ လုံးအထိ ရှိခဲ့ကာ မီးရှို့သတ်ဖြတ်ခံရသူ ၃ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၅ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၅ လုံးအထိ ရှိခဲ့ပြီးတော့ ကရင်ပြည်နယ်မှာလည်း  မီးရှို့ခံရတဲ့ အကြိမ်ရေ ၁ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၄ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက် အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်း ဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024