တရုတ်အာဏာပိုင်တွေဟာ ဟယ်ပေးပြည်နယ်၊ ကျိုးကျိုးမြို့ရှိ လူပေါင်း ၁ သိန်းကျော်ကို ရေကြီးရေလျှံဘေးကနေ လွတ်ရာကို ကယ်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က သြဂုတ် ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
CCTV က ပြထားတဲ့ ဓာတ်ပုံတွေမှာ ဆိုးဆိုးရွားရွား ရေမြုပ်နေတဲ့ လမ်းတွေပေါ်မှာ အရေအတွက် အတိအကျ မသိရတဲ့လူတွေ သောင်တင်ပိတ်မိနေတာကို မြင်တွေ့ရပါတယ်။ စုစုပေါင်း အရေးပေါ်ဝန်ထမ်း ၈,၇၅၅ ဦးကို စေလွှတ်ထားပါတယ်။
ပေကျင်း၊ ထျန်ကျင်း၊ ဟယ်ပေး ဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ယွမ်သန်း ၁၁၀ (အမေရိကန်ဒေါ်လာ ၁၅ သန်း) ခွဲဝေချထားပေးမှာ ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှာ ကြေညာခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေသူတွေ သို့မဟုတ် ပိတ်မိနေသူတွေကို စေ့စေ့စပ်စပ် ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ တောင်းဆိုထားပြီး အသေအပျောက်နည်းအောင်နဲ့ နေရေးထိုင်ရေး ပုံမှန်အခြေအနေကို အမြန်ဆုံး ပြန်လည်ရောက်ရှိရေး လုပ်ဆောင်ပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ဟယ်ပေးပြည်နယ်မှာ လူ ၉ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
Source - Reuters