Home
နိုင်ငံတကာ
ချီလီလေတပ် ရဟတ်ယာဉ်ပျက်ကျပြီး လူ ၅ ဦးသေဆုံး
DVB
·
August 2, 2023

ချီလီလေတပ်က ညပိုင်းလေ့ကျင့်ရေး လုပ်ဆောင်နေချိန်အတွင်း ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့  ဇူလိုင် ၃၁ ရက်မှာ လေတပ်က ထုတ်ပြန်ပါတယ်။

ဒီမတော်တဆမှုဟာ ညပိုင်းလေ့ကျင့်မှုအတွင်း ဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဏာမသတင်းအချက်အလက်တွေအရ ချီလီလေတပ်က ရဟတ်ယာဉ်တစင်းဟာ လိုက်ပါလာတဲ့ အမှုထမ်းတွေနဲ့တကွ အောက်ကို ထိုးဆင်းကျသွားတာဖြစ်ကြောင်းနဲ့ အီတလီ အရန်ရဲတပ်ဖွဲ့ကပေးတဲ့ အချက်အလက်တွေအရ လူ ၅ ဦးစလုံး သေဆုံးသွားပြီးတော့ နောက်ပိုင်းမှာ ပိုအသေးစိတ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း အိုဆောရ်နိုပြည်နယ်ရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ကလောက်ဒီယာ ပိုင်လာလက်ဖ်က ပြောပါတယ်။

ရဟတ်ယာဉ် B-412 ဟာ ယူကလစ်သစ်တောပေါ်က ပြုတ်ကျခဲ့ပြီး မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

မိုးရွာထားလို့ ရွှံ့တွေရှိနေပြီး မြေပြင်က တော်တော်ဆိုးနေပေမဲ့ မတော်တဆဖြစ်တဲ့နေရာကို အရောက်သွားနိုင်ခဲ့ကြောင်း အိုဆောရ်နိုခရိုင် မီးသတ်အကြီးအကဲ နီကိုလပ်စ် လွိုင်ဇာက ပြောပါတယ်။

ဆန်ဟွမ်ဒလ်လာ ကိုစ်တာနယ်မြေမှ ဌာနစုံအဖွဲ့က မတော်တဆမှု ဖြစ်ပွားရာနေရာကို ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့တာကြောင့် သစ်တောနဲ့ အနီးနားက အဆောက်အဦတွေဆီ မီးပြန့်ပွားမှုကို ရှောင်လွှဲပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024