Home
မြန်မာသတင်း
တမူးမြို့တွင် ဓားပြတိုက်ပြီး အိမ်ရှင်အမျိုးသားကို ပစ်ခတ်သတ်ဖြတ်
DVB
·
August 2, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်းရပ်ကွက်ရှိ နေအိမ်တအိမ်ကို ဇူလိုင် ၃၀ ရက် ညပိုင်းမှာ လက်နက်ကိုင်  လူ ၂၀  လောက် ဝင်ရောက်လာပြီး ဓားပြတိုက်ကာ အိမ်ရှင်အမျိုးသား ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ‌မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဦးပေစိ ဖြစ်ပြီး သူ့ရဲ့နေအိမ်ကို  လူ၂၀ လောက်က ဝင်ရောက်လာကာ မိသားစုဝင်တွေကို ဝမ်းလျားမှောက်လျက် နေခိုင်းပြီး ရွှေထည် ပစ္စည်းလက်ဝတ်လက်စား တချို့နဲ့ ငွေတောင်းယူနေချိန် ဦးပေစိက နေအိမ်အပြင်ကို ရောက်နေရာက သူ့အိမ် ဓားပြတိုက်ခံနေရတယ် သတင်းကြားပြီး ပြန်လာရာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “စစ်တပ်က ကောင်တွေနဲ့ ပျူစောထီး‌တွေ ပေါင်းကျူးလွန်တဲ့ ဓားပြတိုက် လူသတ်တာ‌တွေ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်အနီးမှာရှိတဲ့ အိမ်တစ်အိမ်ကို ထပ်ပြီးဓားပြတိုက်တာ။ အိမ်ရှင်ကိုပါ သတ်သွားတာ ဒါပါနဲ့ဆို တပတ်အတွင်း နှစ်ခါရှိပြီ" လို့ ပြောပါတယ်။

ဓားပြမှု ကျူးလွန်သူတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပေမဲ့  ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် ညကလည်း တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ ကုန်သည်ဒေါ်အေးရဲ့ နေအိမ်ကို ပျူစောထီး ၇ ယောက်က ဝင်ရောက်ဓားပြတိုက်ပြီး ဒေါ်အေးနဲ့ သား တယောက်၊ သမီး တယောက် သတ်ဖြတ်ခံရပါတယ်။

တမူးမြို့‌ပေါ်မှာ တပတ်အတွင်း ၂ ကြိမ် ဓားပြတိုက်ခံပြီး လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024