Home
အားကစား
၂ ဂိုးသွင်း၊ သုံးကြိမ် ဂိုးဖန်တီးခဲ့သည့် လော်ရန်ဂျိမ်းစ်ကို အင်္ဂလန်နည်းပြ ဘိဂ်မန်း ချီးကျူး
DVB
·
August 2, 2023

တရုတ်အသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ နှစ်ဂိုးသွင်း၊ သုံးကြိမ်ဂိုး ဖန်တီးခဲ့တဲ့ လော်ရန်ဂျိမ်းစ်ကို အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဘိဂ်မန်းက ချီးကျူးသွားပါတယ်။

အင်္ဂလန်အသင်းဟာ တရုတ်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့် ကို တက်ရောက်နိုင်ခဲ့ပါတယ်။

လော်ရန်ဂျိမ်းစ်ဟာ ထူးခြားတဲ့အရာတွေကို လုပ်ဆောင်ပြနေပြီး အသင်းသားအားလုံးရဲ့ စွမ်းဆောင်ရည်ဟာလည်း ကောင်းမွန်ခဲ့ကြောင်း နည်းပြ ဘိဂ်မန်းက ပြောပါတယ်။

အသက် ၂၁ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား လော်ရန်ဂျိမ်းစ်ဟာ ချဲလ်ဆီး အမျိုးသမီးအသင်းမှာ ကစားနေသူပါ။

ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်ရဲ့ ညီမဖြစ်ပြီး လောရန်ဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်အပေါ် အစ်ကိုဖြစ်သူ ရိစ်ဂျိမ်းစ်ကလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအပြီးမှာ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ နိုင်ဂျီးရီးယားအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024