အာရှူရာ ပွဲတော်စတင်တဲ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၂၉ ရက်က အီရတ်နိုင်ငံမှာ ရာနဲ့ချီတဲ့ ယုံကြည်သက်ဝင်သူတွေဟာ မိမိကိုယ်ကို ဓားနဲ့မွှန်းရင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာအရ တမန်တော်မိုဟာမတ်ရဲ့ မြေးဖြစ်သူ အီမန်ဟူစိန် အတွက် ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ ဝတ်ပြုသူတွေက ရင်ဘတ်စည်တီးကာ ဓားအတို ဒါမှမဟုတ် ဓာအရှည်တွေနဲ့ မိမိကိုယ်ကို နာကျင်အောင်လုပ်တာမျိုး ဖြစ်ပါတယ်။
အေဒီ ၆၈၀ တုန်းက အစ္စလာမ်ဘာသာအတွင်း ရှီအဟ် နဲ့ ဆွန်နီ ဆိုပြီး ဂိုဏ်းဂဏကွဲပြားမှုကို ခိုင်မာစေခဲ့တဲ့ ကရ်ဘလာတိုက်ပွဲမှာ အီမန်ဟူစိန် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကြီး တခုလုံးဟာ တပတ်ကျော်အထိကြာမြင့်တတ်သလို အစ္စလာမ်ဘာသာ အရလည်း အလွန်အရေးကြီးပါတယ်။
အစ္စလာမ်မစ်ပြက္ခဒိန်ထဲက ပထမဆုံးလဖြစ်တဲ့ မူဟာရမ် ၁၀ ရက်မြောက်နေ့မှာ ဒီပွဲတော်ရဲ့ အထွတ်အထိပ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါဟာ ကရ်ဘလာ တိုက်ပွဲမှာ မြေးတော်ဟူစိန်ဟာ ရန်သူတွေရဲ့ ခေါင်းဖြတ်သတ်မှုကို ခံစားခဲ့ရတဲ့ အခိုက်အတန့်အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
Source-Reuters