Home
နိုင်ငံတကာ
တရုတ်နိုင်ငံတောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်သဖြင့်  စာသင်ကျောင်းများပိတ်ထားရ
DVB
·
July 29, 2023

တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖူကျန်းပြည်နယ်ရဲ့ ဂျင်ကျန်းစီရင်စုမှာ ဇူလိုင် ၂၈ ရက်က တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ တိုက်ခတ်ခဲ့တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

ဖူကျန်းပြည်နယ်ရဲ့  ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့ဖူးသမျှ တိုင်ဖွန်းမုန်တိုင်းထဲမှာ ဒေါ့ဆူရီက ဒုတိယမြောက် အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ဒီမုန်တိုင်းကြောင့် စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရတဲ့အပြင် ကမ်းလွန်ဒေသရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး နေရာတွေက အလုပ်သမားတွေကိုပါ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းစေခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ဆိပ်ကမ်းမြို့တခုဖြစ်တဲ့ ရှာမန်းအနီးမှာ မရန်းတီ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ရာ အနည်းဆုံးလူ ၁၁ ဦးအထိ သေဆုံးခဲ့ရဖူးပါတယ်။

ဒီစူပါတိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းမှုအတွင်း ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ ထိုင်ဝမ်တောင်ပိုင်းက လူထောင်ပေါင်းများစွာဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်းမှာဆိုရင် လူပေါင်း ၃၆ ဦးအထိ သေဆုံးခဲ့ရပေမဲ့ ဂျင်ကျန်းစီရင်စုမှာတော့ သေဆုံး၊  ထိခိုက်မှုသတင်း မရရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေါ့ဆူရီ မုန်တိုင်းရဲ့ ပြင်းအားက တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး အနောက်မြောက်ဘက်ပိုင်းကို ဆက်လက်ရွေ့လျားသွားနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024