Home
အားကစား
ဟော့ဂျ်လန်းအတွက် ပေါင်သန်း ၆၀ ပေးမှ အက်တလန်တာအသင်း လက်ခံစဉ်းစားမည်
DVB
·
July 27, 2023

အက်တလန်တာအသင်းဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းအတွက် အနည်းဆုံးပေါင်သန်း ၆၀ ပေးမှ လက်ခံစဉ်းစားမယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒိန်းမတ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အီတလီကလပ်ဘက်က ပယ်ချသွားဖို့ရှိပါတယ်။

မန်ယူအသင်းဟာ ဟော့ဂျ်လန်းအတွက် ပေါင် ၄၂ ဒသမ ၈သန်းအပါအဝင် ထပ်ဆောင်းပေးချေရမယ့် ငွေကြေးပေါင် ၈ ဒသမ ၆ သန်း ပေးချေမယ်ဆိုတဲ့ ကမ်းလှမ်းချက် ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ ပေါင် ၈၆ သန်း ရဖို့ ဆန္ဒရှိနေတဲ့ အက်တလန်တာအသင်းဟာ အနည်းဆုံးပေါင်သန်း ၆၀ ပေးမှ လက်ခံစဉ်းစားမယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အသက် ၂၀ အရွယ်တိုက်စစ်မှူးဟော့်ဂျ်လန်းကိုခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပေမဲ့ မိခင်ကလပ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024