Home
နိုင်ငံတကာ
နယ်သာလန်တွင် ကုန်သင်္ဘောမီးလောင်ပြီး လူ ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
DVB
·
July 26, 2023

နယ်သာလန်နိုင်ငံ မြောက်ပိုင်းစွန်းက မော်တော်ကားတွေကို တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစင်း မီးလောင်မှုမှာ လူတဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့က ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။

အမှုထမ်း ၂၃ ဦး လိုက်ပါလာတဲ့ ၁၉၉ မီတာအရှည်ရှိ သင်္ဘောပေါ်ကနေ သင်္ဘောသား အများအပြား ခုန်ချခဲ့ကြရကြောင်းလည်း ဆိုပါတယ်။

ပနားမား မှတ်ပုံတင်ထားတဲ့ ဖရန်မန်တလ် ဟိုင်းဝေးသင်္ဘောကြီးဟာ မော်တော်ကားပေါင်း ၂,၈၅၇ စီးကို ဂျာမနီကနေ အီဂျစ်ကို သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပြီး အဲဒီထဲက မော်တော်ကား ၂၅ စီးဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။

လျှပ်စစ်ကားတစီးဟာ မီးလောင်မှု ဖြစ်ပွားရခြင်းရဲ့ သံသယဖြစ်ဖွယ် အကြောင်းရင်း ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဂျာမန်ဆိပ်ကမ်း ဘရေမန်ဟာဗန်မှ ထွက်ခွာလာတဲ့ သင်္ဘောဟာ အင်္ဂါနေ့ညက ဒတ်ချ်ကျွန်း အဲမလန်းဒ်ရဲ့ မြောက်ပိုင်း ၁၇ မိုင်အကွာမှာ ခုတ်မောင်းနေချိန် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024