မုတ်သုံမိုးရွာသွန်းမှုကြောင့် ပါကစ္စတန်နိုင်ငံတဝန်းမှာ ဇူလိုင် ၂၅ ရက်က အပျက်အစီးတွေ ကြုံခဲ့ရပြီး မနေ့ညကလည်း စီးပွားရေးမြို့တော် ကရာချိရဲ့ အစိတ်အပိုင်းတချို့ ရေလွှမ်းမိုးခံခဲ့ရပါတယ်။
ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာန Geo TV မှာ ပြသထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ရေတွေတက်လာလို့ နိုင်ငံတဝန်းရှိ တချို့လမ်းပိုင်းတွေ ပြတ်တောက်သွားတာကို မြင်တွေ့ရပါတယ်။
ဒေသတွင်း မိုးလေဝသ တာဝန်ရှိသူတွေ အဆိုအရ အခုသီတင်းပတ်အတွင်း မုတ်သုံမိုး ဆက်လက်ရွာသွန်းဖွယ်ရှိပြီး လာမယ့်ရက်အနည်းငယ်အတွင်း ဘာလိုချီစတန်၊ ဆင်းန်ပြည်နယ် အထက်ပိုင်းနဲ့ ပန်ဂျဘ်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မနှစ်ကလည်း မုတ်သုံမိုး အလွန်သည်းထန်စွာ ရွာသွန်းတာနဲ့ ရေခဲမြစ်တွေ အရည်ပျော်တာကြောင့် တောင်အာရှနိုင်ငံရဲ့ နယ်မြေအတော်များများ ရေနစ်မြုပ်သွားခဲ့ရပြီး ရာသီဥတုဖောက်ပြန်မှုနဲ့ ဆက်စပ်နေတဲ့ဖြစ်စဉ်ကြောင့် ကောက်ပဲသီးနှံတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၁,၇၀၀ သေဆုံးခဲ့ပါတယ်။
Source - Reuters