Home
အားကစား
ဆော်ဒီကလပ်နှင့် အပြောင်းအရွှေ့ကိစ္စ အမ်ဘာပေ ဟာသလုပ်
DVB
·
July 26, 2023

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စအပေါ် တွစ်တာကနေ ဟာသလုပ်သွားခဲ့ပါတယ်။

အမ်ဘာပေကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ကစားသမားနဲ့လည်း တရားဝင်ဆွေးနွေးခွင့်ရခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အမ်ဘာပေရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး NBA ဘက်စကတ်ဘောကစားသမား ဖြစ်သူ ယာနစ်အန်တက်တိုကူပိုက သူဟာ အမ်ဘာပေနဲ့ ရုပ်ချင်းဆင်တူပြီး သူ့ကို ခေါ်ယူနိုင်ကြောင်း ဟာသလုပ်ပြီး တွစ်တာမှာ တင်ခဲ့ပါတယ်။ အဲဒီတွစ်တာပို့စ်ကို အမ်ဘာပေက ရယ်နေတဲ့ စတစ်ကာ ၁၃ ခု အထိတင်ပြီး  Share လုပ်ခဲ့တာပါ။

စပိန်အခြေစိုက်သတင်းဌာန ဟယ်လေဗိုကတော့ အမ်ဘာပေဟာ ဆော်ဒီလိဂ်မှာ ကစားချင်တဲ့ဆန္ဒ မရှိတာကြောင့် အယ်လ်ဟီလာရဲ့ စံချိန်တင် ကမ်းလှမ်းချက်ကို ပယ်ချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ပဲရစ်မြို့တော်ဝင် ဟစ်ဒယ်ဂိုကလည်း အမ်ဘာပေကို ရောင်းချဖို့ စီစဉ်နေတဲ့ ပီအက်စ်ဂျီအသင်းကို ဝေဖန်လိုက်ပြီး အသင်းမှာ မဖြစ်မနေ ဆက်ထိန်းသွားရမယ့် ကစားသမားဖြစ်ကြောင်း ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024