သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက နာဘလုစ်မြို့မှာ ဇူလိုင် ၂၄ ရက်က မော်တော်ကားတစီးကနေ သူ့တပ်ဖွဲ့ကို ပစ်ခတ်ခဲ့တဲ့ ပါလက်စတိုင်းစစ်သွေးကြွ ၃ ဦးကို ဇူလိုင် ၂၅ ရက်မှာ စစ်သားတွေက တန်ပြန်လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးနဲ့ စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ပါလက်စတိုင်း အရာရှိတွေဆီက ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။ ရိုက်တာဗွီဒီယိုမှာ စစ်သားတွေဟာ စစ်ဆေးရေးလုပ်ဆောင်နေပုံရပြီး အခင်းဖြစ်ပွားရာနေရာကို ဝင်ရောက်တဲ့ မော်တော်ယာဉ်တွေကို ပိတ်ဆို့ကာ ပါလက်စတိုင်းတွေ စီးလာတဲ့ကားကို တွဲဆွဲထရပ်ကားတစီးက အခင်းဖြစ်ပွားရာ နေရာကနေ ဖယ်ရှားနေတာကို မြင်တွေ့ရပါတယ်။
အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ စီးနင်းမှုတွေ တိုးမြှင့်လာမှု၊ ပါလက်စတိုင်းတွေရဲ့ လမ်းပေါ် တိုက်ခိုက်မှုတွေနဲ့ ပါလက်စတိုင်းကျေးရွာတွေမှာ အခြေချနေထိုင်သူ ဂျူးတွေရဲ့ သောင်းကျန်းမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေ တိုးလာတာ ၁ နှစ်ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။
Source - Reuters