တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရေး အားထုတ်မှုတွေ ဆောင်ရွက်ကြဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိက ဆော်ဩလိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့မှာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်နဲ့ တနင်္လာနေ့က တွေ့ဆုံချိန်မှာ ခုလိုပြောလိုက်တာပါ။
တွေ့ဆုံမှုအတွင်း တရုတ်နဲ့ အိန္ဒိယတို့ ဘက်ပေါင်းစုံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အဓိက အင်အားစုနှစ်ရပ်ဖြစ်ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေဖို့ လမ်းကြောင်းမှန်ကို လိုက်နာသင့်တယ်လို့ ဝမ်က ပြောပါတယ်။
နှစ်ဖက်စလုံးဟာ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ဖို့၊ သဘောတူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်သင့်ပြီး အတားအဆီးတွေကို ကျော်လွှားရင်း နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ အမြန်ဆုံး ပြန်ပို့ဆောင်သင့်တယ်လို့ ဝမ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကြီးစိုးလွှမ်းမိုးဖို့ကို ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘဲ နိုင်ငံစုံဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီဖို့ အိန္ဒိယ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ဝမ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ရှေးခေတ် ယဉ်ကျေးမှုနှစ်ခုနဲ့ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့မှာ ကျယ်ပြန့်တဲ့ ဘုံအကျိုးစီးပွားတွေ ရှိတယ်လို့ ဒိုဗယ်က ပြောပါတယ်။
အိန္ဒိယဟာ နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန်လေးစားမှု စိတ်ဓာတ်နဲ့ နယ်စပ်ပြဿနာတွေအတွက် အခြေခံအဖြေကို ရှာဖွေဖို့ နှစ်နိုင်ငံဆက်ဆံရေးကို အချိန်မီ တိုးတက်စေရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဒိုဗယ်က ပြောခဲ့ပါတယ်။
Source - Reuters