ဂရိနိုင်ငံ ပြည်မကြီးရဲ့ ပဲလ်လိုပွန်နိစ်ဒေသရှိ ယူနက်စကိုအဖွဲ့က အကာအကွယ်ပေးထားတဲ့ ဘူမိဥယျာဉ်တစ်ခုမှာ ဇူလိုင် ၂၃ ရက် ညပိုင်းက တောမီးလောင်ကျွမ်းခဲ့ပါတယ်။
ဒီသဘာဝဥယျာဉ်မှာ တောမီးတွေ ပျံ့နှံ့ကာ မီးခိုးလုံးကြီးတွေ လှိမ့်တက်လာတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် ချယ်လ်မို့စ် ဗိုရိုင်ကို့စ် အမည်ရ ဒီဥယျာဉ်ကြီးအတွင်း အမှောင်ဖုံးလွှမ်းနေတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် ဂရိကျွန်းတခုဖြစ်တဲ့ ရုတ်စ်မှာပါ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက တောမီးလောင်ကျွမ်းခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်ကတည်းက စတင်လောင်ကျွမ်းနေခဲ့တဲ့ ဒီကျွန်းရဲ့ တောမီးဟာ အရှိန်မြင့်တက်လာတာကြောင့် သစ်တောနဲ့ သဘာဝပေါက်ပင် အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဂရိနိုင်ငံရဲ့ ခြောက်သွေ့တဲ့ နွေရာသီကာလတွေမှာ တောမီးလောင်ကျွမ်းမှုကို မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။
ရာသီဥတု ဖောက်ပြန်လာတာနဲ့အမျှ ကမ္ဘာ့နေရာအများအပြားနဲ့ ဥရောပတောင်ပိုင်းအနှံ့မှာ အပူလှိုင်းဖြတ်သန်းမှုတွေ ပိုမိုပြင်းထန်လာပါတယ်။
Source - Reuters