Home
မြန်မာသတင်း
ဂေါ်ဖီထုပ်စျေးကောင်းရသော်လည်း တောင်သူများ တွက်ခြေမကိုက်
DVB
·
July 24, 2023

ဂေါ်ဖီထုပ်စျေးကောင်းရပေမဲ့ စိုက်စရိတ်မြင့်မားတာ၊ ပြင်ပပေါက်စျေးထက် စျေးကွာတာတို့ကြောင့် တွက်ခြေမကိုက်ဘူးလို့ ဂေါ်ဖီထုတ်စိုက်တောင်သူတွေက ပြောပါတယ်။

ဂေါ်ဖီထုပ်စျေးဟာ မနှစ်က ခြံဖြတ်စျေးဂေါ်ဖီတထုပ်ကို ကျပ် ၂၀၀ ကျော်သာရှိခဲ့ရာမှ အခုနှစ်မှာ ခြံဖြတ်စျေး ဂေါ်ဖီတထုတ်ကို ကျပ် ၄၀၀ မှ ၅၀၀ အထိ စျေးပေါက်နေပါတယ်။

ဂေါ်ဖီထုပ်စျေးခြံဖြတ်စျေးမှာ ကျပ် ၄၀၀ မှ ၅၀၀ သာရှိပေမဲ့ အောင်ပန်းပွဲရုံမှာ ကျပ် ၁၂၀၀ မှ ၁၄၀၀ ရှိပြီး ရန်ကုန်နဲ့မော်လမြိုင်တို့မှာ ကျပ် ၂၅၀၀ မှ ၃၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။

ပင်းတယ​​ဒေသမှ ဂေါ်ဖီထုတ်စိုက်တောင်သူတဦးက "ဂေါ်ဖီထုပ်စျေးကောင်းရပေမယ့် ဂေါ်ဖီထုပ်စျေးထက်ကို မြေသြ​ဇာစျေးတို့ မျိုးစျေးတို့က ပိုကောင်းနေပါတယ်။ ဒီနှစ်က အရှုံးတော့ မရှိပေမယ့် မြတ်လည်းမမြတ်ပါဘူး၊ ကိုယ့်လုပ်အားခလေးလောက်လေးပဲ ပြန်ရပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့နှစ်က စျေးကောင်းမရခဲ့တာ၊ အခုနှစ်မှာ မြေသြဇာစျေး၊ ပေါင်းသတ်ဆေး၊ မျိုးစျေးနဲ့ လုပ်သားစျေးတို့ တက်လာခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကလောက် မစိုက်ပျိုးတော့ဘူးလို့ ဂေါ်ဖီထုပ်စိုက်တောင်သူ​တွေက ပြောပါတယ်။

အောင်ပန်းရှိဂေါ်ဖီထုပ်စိုက်တောင်သူတဦးက "အရင်လိုတော့ အများကြီးမစိုက်နိုင်ပါဘူး စျေးမရရင် ရှုံးမှာလေ။ အပြင်ပေါက်စျေးနဲ့တွက်လိုက်ရင် အရမ်းနည်းတာ၊ အခုကုန်စျေးနှုန်းတွေကလည်းကြီးတော့ အလုပ်မဖြစ်ပါဘူး" လို့ ပြောပါတယ်။

ဂေါ်ဖီထုပ် ၁ ဧကကို ​မျိုး ၄၀၀ဂ ရမ်ကြဲရပြီး စိုက်ပျိုးစရိတ် ၁,၆၀၀,၀၀၀ မှ ၁,၉၀၀,၀၀၀ အထိ ကုန်ကျကာ တစ်ဧက ပျှမ်းမြအထွက်နှုန်း ၆,၅၀၀ ပိဿာမှ ၇,၅၀၀ ပိဿာခန့်အထိ ထွက်ရှိပါတယ်။

ဂေါ်ဖီထုပ်ကို ရှမ်းပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ ပင်းတယ၊ ကလော(ဟဲဟိုး)၊ ပင်လောင်း(နောင်တရား၊တီကျစ်) နဲ့ အောင်ပန်းမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024