Home
မြန်မာသတင်း
လက်နက်နှင့် CDM ဝင်လာသူ စစ်သား ၂ ဦးကို ဂန့်ဂေါ PDF က သိန်း ၆၀ ချီးမြှင့်
DVB
·
July 23, 2023

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက်၊ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်းကို လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ စစ်သား ၂ ယောက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက အခမ်းအနားနဲ့ကြိုဆိုပြီး ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါ PDF ဆီကသိရပါတယ်။

လက်နက်နဲ့ဝင်ရောက်လာတဲ့ရဲဘော်ကို ငွေကျပ် သိန်း ၅၀ နဲ့ သူ CDM ဝင်ရောက်လာရေးကူညီပေးသူကို ငွေ ၁၀ သိန်း ချီးမြှင့်ခဲ့တာလို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

"ကျနော်တို့တပ်ရင်းကို သူတို့ ၂ ယောက်က စစ်သည်ထဲကနေ ပထမဆုံး CDM ဝင်ခဲ့တဲ့ ရဲ‌ဘော်တွေပါ။ ပထမက ရဲဘော်ဖိုက်တာက ကျနော်တို့တပ်ရင်းနဲ့ဆက်သွယ်ပြီး CDM ဝင်လာတာဗျ။ သူကနေတဆင့် ဆက်သွယ်ပြီး ရဲဘော်ကောင်းကင်က လက်နက်နဲ့အတူ CDM ဝင်လာတာပါ။ အခုလက်ရှိ သူတို့တွေက တပ်ရင်းမှာလည်း တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေကြတယ်" လို့ ပြောပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲဘော်တွေဟာ ခမရ ၂၀၄၊ ကရင်ပြည်နယ်၊ ဖားအံမြို့၊ မြိုင်ကလေးက စစ်သည်တွေဖြစ်ကြတယ်လို့ သိရပြီး အခုလို ပြည်သူနဲ့အတူပူးပေါင်းပြီး ပြည့်သူရင်ခွင်ခိုလှုံလာကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိတယ်လို့ ဂန့်ဂေါ PDF က ပြောပါတယ်။

ဓာတ်ပုံ-ဂန့်ဂေါPDF 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024