Home
မြန်မာသတင်း
ဘန်ကောက်ရှိ မြန်မာစစ်ကောင်စီသံရုံးက ပတ်စပို့သက်တမ်းတိုးပေးမည်
DVB
·
July 23, 2023

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် နိုင်ငံကူးလက်မှတ်တွေကို လာမယ့် ဩဂုတ် ၂ ရက်နေ့မှာ အသစ်ပြုလုပ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

အလုပ်လုပ်ကိုင်သူတွေကိုင်ဆောင်တဲ့နိုင်ငံကူးလက်မှတ် PJ အမျိုးအစားတွေကို သက်တမ်းတိုးပေးမှာဖြစ်ပြီး ရက်ချိန်းဘိုကင်ကို ဇူလိုင် ၂၉ ရက်နေ့ကစလို့ စနေနေ့တိုင်း မနက် ၈ နာရီကနေ ၁၂ နာရီအထိ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ရက်ချိန်းဘိုကင်ယူသူတွေကိုလည်း နိုင်ငံကူးလက်မှတ်စာအုပ်ကို မျက်နှာဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ တိုကင်ပေးမှာဖြစ်ပြီး ကိုယ်စားယူပေးသူတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အရင်နှစ်တွေကလည်း ကိုယ်စားလက်မခံဘူးပြောတာပါပဲ။ နောက်ဆုံးကျရင် ပွဲစားနဲ့ပဲ လုပ်ကြရတာ။ ဘတ် ၆၀၀၀ ကနေ ၈၀၀၀ ကြားကုန်တယ်။ လူကများတော့ ညဘက်ကတည်းက သွားစောင့်ခဲ့ရတာ။ ဒီနှစ်အခြေအနေတော့ ဘယ်လိုရှိမယ် မသိသေးပါဘူး” လို့ ဘန်ကောက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

၂၀၂၄၊ ခုနှစ် မတ် ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးသူ အရေအတွက်ဟာ နည်းတဲ့အတွက် ဇူလိုင် ၂၉ ရက်နေ့ မနက်မိုးလင်းမှ လာရောက်ထုတ်ယူဖို့ ညအချိန်ကတည်းက လာရောက်စောင့်ဆိုင်းစရာ မလိုဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024