ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတို့က အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း မွတ်စလင်မ်တို့ရဲ့ ကုရ်အာန်ကျမ်းကို မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ လူထောင်ပေါင်းများစွာက ဇူလိုင် ၂၂ ရက်မှာ ဆန္ဒပြခဲ့ကြ ပါတယ်။
စနေနေ့ မနက်အစောပိုင်းက ဒိန်းမတ်သံရုံးကိုရောက်ဖို့ ဆန္ဒပြသူတွေက ကြိုးပမ်းခဲ့ပြီးတဲ့နောက် နိုင်ငံခြားသံရုံး အများအပြားရှိရာ သံတမန်ဇုံဆီကို သွားတဲ့တံတားတွေကိုပိတ်ထားပြီး လုံခြုံရေး အကြီးအကျယ်ချထားလို့ ဘဂ္ဂဒက်မြို့လယ်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်က မြို့တော်ကိုပင်ဟေဂင် က အီရတ်သံရုံးနဲ့ တဖက်ခြမ်းမှာရှိတဲ့ ရင်ပြင်တခုမှာ ကုရ်အာန်ကျမ်းလို့ ရည်ညွှန်းထားတဲ့ စာအုပ်တအုပ်ကို အစွန်းရောက်နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရက်စ်မက်စ် ပဲလ်လူဒန် က မီးရှို့ခဲ့တာပါ။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး မိမိထင်မြင်ချက်အရ ထုတ်ဖော်လုပ်ဆောင်တာကို ဆွီဒင်၊ ဒိန်းမတ်နဲ့ နော်ဝေးတို့မှာ ခွင့်ပြုထားပြီး လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တရားဝင်အကာအကွယ်တွေ အဲဒီနိုင်ငံအားလုံးမှာ ရှိနေပါတယ်။
Source-Reuters