တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က မြေအောက်ရထားဘူတာရုံနားမှာ ဇူလိုင် ၂၁ ရက်က ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် တရားခံကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ ပြည်တွင်းရုပ်သံလွှင့်ဌာန YTN မှာ ဖော်ပြပါတယ်။
အခုလို ရှားရှားပါးပါး ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း လူ တယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။
အခင်းဖြစ်ရာမှာတင် ဒီလူသတ်သမားကို ဖမ်းဆီးရမိခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုအတွက် အကြောင်းရင်းကိုတော့ ရှင်းလင်းစွာမသိရသေးဘူးလို့ YTN ရုပ်သံဌာနရဲ့ ဗီဒီယိုမှတ်တမ်းနဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
အမည်မဖော်လိုတဲ့မျက်မြင်သက်သေတယောက်ကတော့ "အလိုရှိတဲ့အတိုင်း မဖြစ်လာတာကြောင့် အသက်မရှင်ချင်တော့ဘူးဆိုပြီး ရဲတွေရောက်လာချိန်မှာ တစုံတခု သူပြောသွားတယ်"လို့ YTN သတင်းဌာနကို ပြန်ပြောပြပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရရှိသွားသူတွေထဲက တယောက်ဟာ ဆေးရုံပေါ်မှာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ယွန်ဟပ် (Yonhap) သတင်းအေဂျင်စီက ဆိုပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး မှတ်ချက်ပေးဖို့အတွက် ရဲတပ်ဖွဲ့ကို ချက်ချင်း ဆက်သွယ်လို့ မရသေးဘူးလို့ လည်း သိရပါတယ်။
Source-Reuters