နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာ လူအစုလိုက်ခရီးသွားလာမှုနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အပျော်စီးသင်္ဘောကြီးတွေကို တားမြစ်မယ့် ပထမအဆင့်ကို စတင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
အကောင်အထည် ဖော်ပြီးသွားတာနဲ့ မြို့တော်ကောင်စီက ချမှတ်ထားတဲ့ အစီအမံတွေဟာ ဘာစီလိုနာ၊ ဒူဘရို့ဗ်နစ်ခ်နဲ့ ဗင်းနစ်စ်အပါအဝင် ဥရောပမြို့ကြီးတွေနဲ့ အမ်စတာဒမ်တို့မှာ အပျော်စီး သင်္ဘောအရေအတွက်ကို လျှော့ချထားပြီသား ဒါမှမဟုတ် လျှော့ချဖို့ စဉ်းစားနေတာတွေက စီစဉ်ထားသလို ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဟာ အသေးစိတ်အချက်အလက်တွေကို ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေသေးပြီး ဘယ်အချိန်မှာ အရေးယူဆောင်ရွက်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အမ်စတာဒမ် ခရီးသည်တင်ဂိတ်ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒစ်ဒီဂရမ်ဖ်က ပြောကြားခဲ့ပါတယ်။
အမ်စတာဒမ်ဂိတ်ဟာ ၂၀၂၃ ခုနှစ်မှာ ပင်လယ်ပြင်အပျော်စီးသင်္ဘော ၁၁၄ စီးနဲ့အတူ ခရီးသည် ၃ သိန်း နီးပါးကို မျှော်မှန်းထားတာပါ။
အမ်စတာဒမ်မြို့ဟာ သန်းနဲ့ချီတဲ့ ခရီးသွားအရေအတွက်ကို ကန့်သတ်ဖို့ တက်တက်ကြွကြွ ကြိုးစားနေတာဖြစ်ပြီး အဓိကအားဖြင့် ပြည့်တန်ဆာရုံတွေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ ရှိတဲ့ နေရာမှာရှိတဲ့ လိင်နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ခရီးသွားလုပ်ငန်းကို စိတ်ပျက်နေကြတာကြောင့် ဖြစ်ပါတယ်။
Source-Reuters