မန်စီးတီးအသင်းဟာ ဆော်ဒီလိဂ်ဆီ ရောင်းချမယ့် မာရက်ဇ်နေရာမှာ ဘာစီလိုနာက ရာဖင်ညာနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
အယ်လ်ဂျီးရီးယား တောင်ပံတိုက်စစ်မှူး မာရက်ဇ်ဟာ မနှစ်က စီးတီးနဲ့ အဓိကဆုဖလားသုံးလုံး ရယူရာမှာ ကူညီပေးနိုင်ခဲ့သူပါ။
မာရက်ဇ်ကို ဆော်ဒီကလပ် အယ်လ်အာလီအသင်းက ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာ စီးတီးဘက်က သဘောတူလိုက်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ဖြစ်လာဖို့ ရှိနေတာပါ။
ဘာစီလိုနာအသင်းရဲ့ ဘောလုံးဒါရိုက်တာဖြစ်လာတဲ့ ကစားသမားဟောင်း ဒေကိုဟာ ရာဖင်ညာရဲ့ အေးဂျင့်ဟောင်းဖြစ်ပြီး စီးတီးနဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။
ဘာစီလိုနာဘက်ကလည်း အပြောင်းအရွှေ့မှာ ငွေကြေးရရှိလာဖို့အတွက် ကစားသမားတွေကို မဖြစ်မနေ ရောင်းချသွားရမှာဖြစ်ပြီး ရာဖင်ညာကိုလည်း ရောင်းချဖို့ ရှိပါတယ်။
ဘရာဇီးတောင်ပံတိုက်စစ်မှူးလည်းဖြစ်တဲ့ ရာဖင်ညာဟာ လိဒ်ယူနိုက်တက်မှာ ၂ ရာသီကြာ ကစားခဲ့ဖူးပြီး ၆၇ ပွဲမှာ ၁၇ ဂိုး သွင်းခဲ့ပါတယ်။