ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးအသင်းရဲ့ ပစ်မှတ်ကစားသမား ဂျိုရူအာကင်မစ်ချ်ကို ရောင်းချဖို့ စီစဉ်နေပါတယ်။
ဂျာမန်သတင်းစာ Kicker ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်အသင်းဟာ ကွင်းလယ်လူ ကင်မစ်ချ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာဖြစ်ပြီး သင့်တော်တဲ့ ကမ်းလှမ်းချက် ဖြစ်မယ်ဆိုရင် ရောင်းချဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ကင်မစ်ချ်ဟာ လီဗာပူးအသင်းက ကာလကြာရှည် စိတ်ဝင်စားခဲ့တဲ့ ကစားသမားဖြစ်ပြီး သင့်တော်တဲ့ ကမ်းလှမ်းချက် ဖြစ်မယ်ဆိုရင် ခေါ်ယူနိုင်ဖို့ ရှိပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူးနေရာအတွက် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အပြောင်းအရွှေ့ဘတ်ဂျက် ပိုမိုရရှိနိုင်ဖို့ ဆန္ဒရှိနေတာပါ။
အသက် ၂၈ နှစ်ရှိ ဂျာမနီလက်ရွေးစင် ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အောင်မြင်မှုသမိုင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့တာပါ။
သူဟာ ၂၀၁၅ ခုနှစ်က လိုက်ဇစ်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၃၅၀ လောက် ကစားထားပြီး ဖြစ်ပါတယ်။