ခုရက်ပိုင်းအတွင်း တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ မိုးကြီးလို့ ရေလွှမ်းမိုးတာတွေ မြေပြိုတာ တွေကြောင့် လူအသေအပျောက် ရှိခဲ့ပါတယ်။
မိုးသည်းသည်းထန်ထန် ရွာသွန်းအပြီး သုံးရက်မြောက်နေ့မှာ မြေပြိုတာနဲ့ ဆည်ရေလျှံတာတွေ ကြောင့် တောင်ကိုရီးယားမှာ လူ ၂၂ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေပါတယ်။
ထောင်နှင့်ချီတဲ့လူတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်း အချက်အလက်တွေက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ရေကြီးရေလျှံလို့ ချုံချင်းနဲ့ အတွင်းမွန်ဂိုလီးယား ပြည်နယ်တွေမှာ ကားတွေနဲ့ ဒေသခံတွေ ရွှံ့ရေတွေထဲမှာ မြုပ်နေပါတယ်။
နိုင်ငံတွင်း တခြားဒေသတွေမှာတော့ အပူလှိုင်းတွေ ရိုက်ခတ်နေတာပါ။ လွန်ခဲ့တဲ့ သီတင်းပတ် နည်းနည်း အတွင်း တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းလို့ လျှပ်တပြက်ရေကြီး ခဲ့တဲ့အတွက် ချုံချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်နည်းနည်းအတွင်း အထူး အပြင်းအထန် ရေကြီးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ယမုံနာမြစ် ရေလျှံခဲ့လို့ နယူးဒေလီအာဏာပိုင်တွေက မြစ်ရဲ့ ရေတံခါးတွေကို ဇူလိုင် ၁၄ ရက်က အပြိုင်ဖွင့်ခဲ့ရပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းတချို့မှာ ယာဉ်ကြောတွေ ရပ်တန့် သွားပြီး သမိုင်းဝင် အထိမ်းအမှတ် နေရာတွေနဲ့ လမ်းတွေ ရေမြုပ်နေပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမချယ် ပရာဒေ့ရှ်ပြည်နယ် နယူးဒေလီနဲ့ မာနာလီမြို့တွေက ဒေသခံ တွေ ဟာ ဇူလိုင် ၁၅ ရက်က မိုးသည်းပြီးတဲ့နောက် ရေကြီးလို့ ပျက်စီးဆုံးရှုံးတာတွေကို ရင်ဆိုင်နေကြရပါတယ်။
နယူးဒေလီနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ ပုံမှန်မဟုတ်ဘဲ မိုးသည်းပြီးတဲ့နောက် ယမုံနာ မြစ်ရေ အဆင့်ဟာ ခုသီတင်းပတ် အတွင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။
လူရာနှင့်ချီပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတာပါ။ ယမုံနာမြစ် ကမ်းပါးတွေ ကျိုးသွားခဲ့ ပါတယ်။
ဒေလီမှာ ဇွန် ၁ ရက်နေ့က စတဲ့ မုတ်သုံရာသီအတွင်း ပုံမှန် ထက် ၉၁ ရာခိုင်နှုန်း မိုးပိုရွာသွန်း ခဲ့ပါတယ်။ ဇူလိုင်လအတွင်း ခုအချိန်အထိ မိုးရေချိန် ၃၀၉ မီလီမီတာ (12 လက်မ) ရရှိခဲ့ပြီး ဒါဟာ အနည်းဆုံး ၁၂ နှစ်တာကာလအတွင်း ၁ လထဲမှာ တတိယအမြင့်ဆုံး မိုးရေချိန်လို့ အိန္ဒိယမိုးလေဝသဌာနက ဆိုပါတယ်။
မာနာလီမြို့ထဲက အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ရွာတွေမှာ လမ်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကျောင်းအဆောက်အဦလဲ ရေထဲ မျောပါသွားခဲ့ပါတယ်။
Source-Reuters