အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဟမ့်တွန်မြို့က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဇူလိုင် ၁၅ ရက် မနက် နှောင်းပိုင်းက လူ ၄ ဦးအား သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသားတဦးကို အာဏာပိုင်တွေက ရှာနေပါတယ်။
အသက် ၄၀ အရွယ် သံသယရှိသူ အန်ဒရေ လောင်းမိုးဟာ လက်နက်ကိုင်ထားပြီး အန္တရာယ် ရှိတယ်လို့ ယူဆကြောင်း ဟမ့်တွန်မြို့ ရဲအုပ် ဂျိမ်းစ် တန်းနာက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ဟင်နရီ မြို့နယ် ရဲအရာရှိ ရက်ဂျင်နယ် စကန်းဒရဒ်က လောင်းမိုးကို ဖမ်းနိုင်မယ့် ဘယ်သတင်း အချက်အလက်အတွက်မဆို ဆုငွေ ဒေါ်လာ ၁ သောင်းပေးထားတယ်လို့ ပြောပါတယ်။
စကန်းဒရဒ်က ဉာဏ်မရှိသောရာဇ၀တ်မှု အကြောင်းကို ပြောခဲ့ပြီး သံသယရှိသူကို ရဲတွေက မိတဲ့အထိ လိုက်ဖမ်းမယ်လို့ တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။
Source-Reuters