Home
ဆောင်းပါး
မုဒိမ်းမှုကို ဆန့်ကျင်နိုင်သည့် နည်းလမ်းများ
DVB
·
July 13, 2023

ဒိမ်းမှု ကျူးလွန်တဲ့အလေ့အထဟာ ပျံ့နှံ့နေပါတယ်။ ဒီထဲမှာ လူသားတွေရဲ့ တွေးခေါ်ပုံ၊ ပြောဆိုပုံနဲ့ ကမ္ဘာပေါ်ကို ရွေ့လျားနေတဲ့ နည်းလမ်းတွေ ပါဝင်နေပါတယ်။ အကြောင်းအရာတွေ ကွဲပြားနိုင်ပေမဲ့ မုဒိမ်းမှုဟာ ဘိုးဘေးတွေရဲ့ ယုံကြည်ချက်၊ အာဏာနဲ့ ထိန်းချုပ်မှုတွေမှာ အမြဲတမ်း အမြစ်တွယ်နေပါတယ်။

မုဒိမ်းမှုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံမှန်ဖြစ်အောင်၊ တရားမျှတတယ်လို့ ထင်အောင် ခွင့်ပြုပေး‌နေတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်ပြီး၊ ဆက်လက်တည်ရှိနေတဲ့ ကျား မ မညီမျှမှုတွေ၊ လိင်နဲ့ လိင်စိတ်သဘောထားတွေအကြောင်း လှုံ့ဆော်ပေးပါတယ်။

မုဒိမ်းမှု ဆက်လက်တည်ရှိစေမယ့် ဘက်လိုက်မှုတွေအတွက် လူတို့ရဲ့အပြုအမူနဲ့ ယုံကြည်ချက်တွေကို ဆန်းစစ်ဖို့ နေ့တိုင်း အခွင့်အရေးရှိနေပါတယ်။ ကျား၊ မ ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ သဘောထားတွေကနေ ရပ်ရွာလူမှုအသိုင်းအဝိုင်းမှာ ပံ့ပိုးပေးထားတဲ့ မူဝါဒတွေအထိ လူထုအားလုံးဟာ မုဒိမ်းမှု ကျူးလွန်တာကို ဆန့်ကျင်ဖို့ လုပ်ဆောင်နိုင်ပါတယ်။

မုဒိမ်းမှု ဖြစ်လေ့ရှိတာတွေကို  တားဆီးဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ၁၆ ခုကို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ စိတ်အားထက်သန်တဲ့ သဘောတူခွင့်ပြုချက်အလေ့အထကို  ဖန်တီးပါ။

အချိန်တိုင်း လွတ်လပ်စွာ ပေးဆောင်မယ့် သဘောတူညီမှုခွင့်ပြုချက်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ “နိုး” ဆိုတာကို နားထောင်မယ့်အစား ပါဝင်ပတ်သက်သူအားလုံးထံကနေ တက်ကြွတဲ့ “ရက်စ်” ဆိုတာကို ကြားရ အောင်ပြုလုပ်ပါ။ ဘဝမှာ စိတ်အားထက်သန်တဲ့ သဘောတူညီချက်ကို ခံယူပြီး ဆွေးနွေးမှုပြုလုပ်ပါ။

၂။ မူလအကြောင်းတရား‌တွေကို ဆန့်ကျင်ပြောဆိုပါ။

အကြမ်းဖက်မှုနဲ့ ကြီးစိုးမှုတွေကို သန်မာတဲ့ “ယောက်ျား”အဖြစ် မြင်ကြပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို တန်ဖိုးနည်းတယ်လို့ ယူဆကြတဲ့အခါမှာ မုဒိမ်းမှုကို ဆက်လက်ပြုလုပ်ဖို့ ခွင့်ပြုထားသလိုပါပဲ။

ဒါဟာ နစ်နာသူကို အပြစ်တင်တာနဲ့လည်း နောက်ခံပြုထားပါတယ်။ ပြစ်မှုကျူးလွန်သူဟာ ကျူးလွန်မှုအတွက် တာဝန်ရှိတာထက် ကျူးလွန်ခံရသူ‌ကြောင့်လို့ ညွှန်ပြတဲ့သဘောထား ဖြစ်ပါတယ်။

လိင်အကြမ်းဖက်မှုကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ နစ်နာသူရဲ့ တည်ငြိမ်မှု၊ အဝတ်အစားနဲ့ လိင်စိတ်ဟာ မသက်ဆိုင်ပါဘူး။ ဒီအစား အမျိုးသားတွေနဲ့ ယောက်ျားလေးတွေကို အကြမ်းဖက်မှုကတဆင့် အာဏာရရှိရမယ်ဆိုတဲ့ အယူအဆကို ဆန့်ကျင်ရမှာဖြစ်ပြီး လိင်ကို ရပိုင်ခွင့်အဖြစ် မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

၃။ ယောက်ျားပီသမှု ဆိုတာကို  ပြန်လည်သတ်မှတ်ပါ

ယောက်ျားပီသခြင်းရဲ့ အဓိပ္ပာယ်ကို ဘယ်လို ရုပ်လုံးဖော်ထားသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ မိမိကိုယ်ကို ပြန်လည်သုံးသပ်တာ၊ လူမှုအသိုင်းအဝိုင်းရဲ့ ပြောစကားတွေနဲ့ အနုပညာဆိုင်ရာ ဖော်ပြမှုတွေဟာ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေအတွက် ယောက်ျားပီသမှုကို အမျိုးသမီးဝါဒီသဘောတရားတွေနဲ့ ပြန်လည်ဆန်းစစ်ဖို့နဲ့ ပြန်လည်သတ်မှတ်ဖို့ အသုံးပြုတဲ့ ကိရိယာအချို့ပဲ ဖြစ်ပါတယ်။

၄။ နစ်နာသူကို အပြစ်တင်တာကို ရပ်လိုက်ပါ။

ဘာသာစကားဟာ ယဉ်ကျေးမှုမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတာကြောင့် လူ‌တွေ နေ့စဉ် အသုံးပြုနေတဲ့ စကားလုံး‌တွေနဲ့ စကားစုတွေဟာ လူတွေရဲ့ တကယ့်ဘဝကို ‌ပုံဖော်နိုင်တာကို မေ့သွားတတ်ကြပါတယ်။

ဘာသာစကားမှာ မုဒိမ်းမှုဆိုင်ရာ ယုံကြည်ချက်တွေကို ထည့်သွင်းထားပါတယ်။ ဥပမာ- “သူက မိန်းမပျက်လို ဝတ်စားထားတာပဲ။ အဲဒီလိုဖြစ်အောင်နေတာကိုး” စတဲ့ စကားတွေဟာ နစ်နာသူကို အပြစ်တင်နေတာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ ၀တ်ဆင်ထားပုံ၊ ဘယ်လောက်ပဲ သောက်ထားသည် ဖြစ်စေ၊ သူဟာ မသင့်တော်တဲ့ အရပ်မှာ ရှိနေရင်တောင် သူ့ကို အဓမ္မပြုကျင့်ဖို့ ဖိတ်ခေါ်တာ မဟုတ်ပါဘူး။ နစ်နာသူကို အပြစ်တင်ခြင်း၊ အမျိုးသမီးတွေကို ကန့်ကွက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းတွေကို ခွင့်လွှတ်ပေးတဲ့ ဘာသာစကားနဲ့ သီချင်းစာသားတွေကို အားမပေးဖို့နဲ့ ဂရုမစိုက်ဖို့ လူ‌တွေမှာ အခွင့်အာဏာရှိပါတယ်။ 

၅။ လုံးဝသည်းမခံပါနဲ့။

မိမိတို့ နေထိုင်တဲ့နေရာ၊ အလုပ်လုပ်တဲ့ နေရာနဲ့ ကစားတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် လုံးဝသည်းခံမှုမရှိတဲ့ မူဝါဒတွေကို ချမှတ်ပါ။ ခေါင်းဆောင်တွေအနေနဲ့လည်း လုံးဝသည်းမခံတဲ့ မူဝါဒကို လိုက်နာဖို့ သန္နိဋ္ဌာန်ချထားကြောင်းနဲ့ ဒီမူဝါဒတွေကို နေ့စဥ် ကျင့်သုံးရမယ်လို့ အထူးရှင်းလင်းထားရပါမယ်။

၆။ မုဒိမ်းမှုဆိုင်ရာနဲ့ပတ်သက်လို့  နားလည်မှု တိုးမြင့်ပါ။

ခေတ်ကာလနဲ့ အခြေအနေ‌တွေတလျှောက်မှာ မုဒိမ်းမှုဟာ ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာပါတယ်။ မုဒိမ်းမှုဟာ ညဘက်မှာ တယောက်တည်း လမ်းလျှောက်လာတဲ့ အမျိုးသမီးတယောက်ဟာ ယောက်ျားတယောက်ရဲ့ စော်ကားခြင်းကို ခံရတယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆထက် ကျော်လွန်တာကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။

ဥပမာအားဖြင့် မုဒိမ်းမှုဟာ  အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အခွင့်အရေးတွေကို လုယက်တာတွေအပြင် ကလေးငယ် လက်ထပ်ခြင်းနဲ့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါကို ဖြတ်တောက်ခြင်းလို အန္တရာယ်ရှိတဲ့ အလေ့အကျင့်တွေ ကျယ်ပြန့်စွာ ပါဝင်ပါတယ်။

မုဒိမ်းမှုဟာ မှားတယ်လို့ ဘယ်သူကမှ သဘောမတူနိုင်အောင် စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ မလုပ်ဆောင်ဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ပုံမှန်ဖြစ်အောင် အသေးအဖွဲလေးတွေနဲ့ ခွဲခြားထားတာကြောင့် မုဒိမ်းမှုဟာ ရှုပ်ထွေးသိမ်မွေ့ပြီး ကိုင်တွယ်ရ မလွယ်ကူတဲ့အဖြစ်ကို ရောက်ရှိသွားပါတယ်။

၇။ ကဏ္ဍပေါင်းစုံ ချဉ်းကပ်မှုတစ်ခု ပြုလုပ်ပါ။

မုဒိမ်းမှုဟာ ကျား၊ မ၊ လိင်စိတ်၊ စီးပွားရေး အခြေအနေ၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ် မခွဲခြားဘဲ အားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီမုဒိမ်းမှုကို အမြစ်ဖြတ်ခြင်းဆိုတာ လူတစ်ဦးရဲ့ မိမိကိုယ်ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုခွင့်နဲ့ ဖော်ပြခွင့်ကို ကန့်သတ်ထားတဲ့ ကျား၊ မ လိင်ဆိုင်ရာ ကန့်သတ်ချက်တွေကို နောက်ကွယ်မှာ ချန်ထားခဲ့တာ ကိုဆိုလိုပါတယ်။

လိင်စိတ်တိမ်းညွတ်မှု၊ မသန်စွမ်းမှုအခြေအနေ ဒါမှမဟုတ် လူမျိုးရေးဆိုင်ရာ လက္ခဏာရပ်တွေနဲ့ တချို့သော အကြောင်းအရာလို လက္ခဏာရပ်တွေဟာ အမျိုးသမီးတွေရဲ့ အားနည်းချက်ကို အကြမ်းဖက်မှု‌တွေ တိုးမြင့်စေပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကာလအတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ပျံ့နှံ့နေတဲ့ ခွဲခြားဆက်ဆံမှုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေပါတယ်။

ဂူလ်ဇာဒါဆာဇန်ဟာ LGBTQI အသိုက်အဝန်းအဖွဲ့ဝင်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ကာဇက်စတန်အမျိုးသမီးဝါဒီ ပဏာမခြေလှမ်းဖြစ်တဲ့ Feminita ရဲ့ တက်ကြွတဲ့အဖွဲ့ဝင် ဖြစ်ပါတယ်။ အိုင်တီပရောဂျက်မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့အချိန် အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ စီးပွားရေးခရီးစဉ်တွေမှာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စတင်ခဲ့ပါတယ်။ သူက လိင်တူချစ်သူဖြစ်ကြောင်း ပြောပြတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်ရဲ့ နှောင့်ယှက်မှုဟာ ပိုမိုပြင်းထန်လာပါတယ်။

ဆာဇန်က “သူ ငါ့ကို ‘ပြင်ပေးနိုင်တယ်’ လို့ သူ ယုံကြည်ခဲ့တယ်။ ကာဇက်စတန်မှာ ဆိုရင် လူ့အဖွဲ့အစည်းက ရက်စက်တဲ့ အမျိုးသားတွေကို လက်ခံပြီး တန်ဖိုးထားတယ်။ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ရှိလာတဲ့အခါ သဘာဝပဲလို့ ယူဆပါတယ်”လို့ ပြောပါတယ်။

၈။ မုဒိမ်းမှုဖြစ်လေ့ရှိတဲ့ နောက်ခံသမိုင်းကို သိပါ။

မုဒိမ်းမှုကို စစ်ပွဲနဲ့ ဖိနှိပ်မှုရဲ့ လက်နက်အဖြစ် လူ့သမိုင်းတလျှောက် အသုံးပြုခဲ့ကြပါတယ်။ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို နှိမ့်ချဖို့နဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် အသုံးပြုပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂွါတီမာလာပြည်တွင်းစစ်၊ ဒါမှမဟုတ် ကိုဆိုဗို ပဋိပက္ခတွေလို အရင်ကနဲ့ မကြာသေးမီက ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှု အသုံးပြုမှုအကြောင်းတွေကို လေ့လာနိုင်ပါတယ်။

၉။ အမျိုးသမီးတွေထံမှာ ရင်းနှီးမြှုပ်နှံပါ။

အမျိုးသမီးတွေကို ခွန်အားပေးခြင်း၊ သူတို့ရဲ့ အသံတွေကို ချဲ့ထွင်ပေးခြင်း၊ အသက်ရှင် ကျန်ရစ်သူတွေကို ပံ့ပိုးပေးခြင်းနဲ့ ကျား၊ မ အထောက်အထားအားလုံးနဲ့ လိင်ပိုင်းဆိုင်ရာ အားလုံးကို လက်ခံနိုင်မှု မြှင့်တင်ပေးပါ။

၁၀။ အသက်ရှင် ကျန်ရစ်သူ‌တွေရဲ့ ပြောစကားကို နားထောင်ပါ။

#MeToo၊ #TimesUp၊ #NiUnaMenos၊ #BalanceTonPorc နဲ့  တခြား အွန်လိုင်းလှုပ်ရှားမှုခေတ်မှာ အကြမ်းဖက်မှုက လွတ်မြောက်သူတွေဟာ အရင်ကထက် ပိုမိုပြောဆိုလာကြပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေကို နားထောင်ပါ၊ ကမ္ဘာတဝန်းက အသက်ရှင် ကျန်ရစ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်ပါ။ 

၁၁။ မုဒိမ်းမှုကို ပြက်ရယ်မပြုပါနဲ့ ။

မုဒိမ်းမှုဆိုတာ ဘယ်တော့မှ ရယ်စရာကောင်းတဲ့ ဟာသ မဟုတ်ပါဘူး။ မုဒိမ်းမှုပြက်လုံးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တရားဝင်ဖြစ်စေပြီး သူတို့ရဲ့သဘောဆန္ဒကို ချိုးဖောက်တဲ့အခါမှာ နစ်နာသူတွေ ပြောဆိုဖို့ ခက်ခဲစေပါတယ်။

လိင်အကြမ်းဖက်မှုကို ပုံမှန်ဖြစ်စေပြီး တရားမျှတသလို ဖြစ်စေတဲ့ ဟာသတွေကို လက်မခံပါနဲ့။ ထုတ်ဖော်ပြောဆိုပါ။

၁၂။ ပါဝင်လိုက်ပါ။

အမျိုးသမီးတွေအပေါ် ပိုင်ဆိုင်မှု၊ အိမ်ထောင်ရေး၊ ကွာရှင်းမှုနဲ့ ကလေးထိန်းကျောင်းမှုဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တာနဲ့ ပတ်သက်ပြီး ဥပဒေမရှိတာ ဒါမှမဟုတ် ပြဋ္ဌာန်းထားခြင်းမရှိ‌‌တာတွေနဲ့ မုဒိမ်းမှုဖြစ်တတ်တဲ့ဓလေ့ကို ချုပ်ကိုင်ထားပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ မိမိနိုင်ငံက ဘာတွေ လုပ်ဆောင်နေလဲဆိုတာ သိနိုင်ဖို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဒေတာဘေ့စ်ကို စစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ပေးတဲ့ ဥပဒေတွေကို အကောင်အထည်ဖော်တာ သေချာစေဖို့ ခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့လည်း ထိတွေ့ပါဝင်ပါ။

၁၃။ အပြစ်ပေးခံရမှု အဆုံးသတ်။

မုဒိမ်းမှုတွေကို အဆုံးသတ်ဖို့ ကျူးလွန်သူတွေကို တာဝန်ခံခိုင်းရပါမယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တရားစွဲဆိုပြီး ဒီလုပ်ရပ်တွေကို ရာဇ၀တ်မှုအဖြစ် အသိအမှတ်ပြုပြီး လုံးဝ သည်းမခံနိုင်ကြောင်း ပြင်းထန်တဲ့ သတင်းစကား ပေးပို့ပါ။

ကျူးလွန်သူတွေက တရားဥပဒေကြောင်းအရ အကျိုးဆက်တွေရဲ့ ဆန့်ကျင်ဘက်ကို တွန်းလှန်နေတာကို တွေ့ရတိုင်း တရားမျှတမှုနဲ့ တာဝန်ခံမှုတို့အတွက် တိုက်ပွဲဝင်ပါ။

၁၄။ တက်ကြွတဲ့ ဘေးလူ ဖြစ်ပါစေ။

ကမ္ဘာတဝန်းက အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ  အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ ထိတ်လန့်ဖွယ် အဖြစ်များပြီး မိမိကိုယ်တိုင်ဟာ အများသဘောတူ မဟုတ်တဲ့ ဒါမှမဟုတ် အကြမ်းဖက်တဲ့အပြုအမူအတွက် သက်သေခံ ဖြစ်လာနိုင်ပါတယ်။ တက်ကြွတဲ့ ဘေးလူအနေနဲ့ ကြားဝင်စွက်ဖက်ခြင်းဟာ သူတို့ရဲ့ အပြုအမူကို လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ တစ်စုံတစ်ဦးကို ဘေးကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

ပထမဦးဆုံး ဘယ်လိုအကူအညီဆိုရင် သင့်တော်မလဲဆိုတာကို ဆုံးဖြတ်ဖို့ အခြေအနေကို အကဲဖြတ်ပါ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းခံနေရသူကို ဘာဖြစ်နေတာလဲ ဒါမှမဟုတ် အကူအညီ လိုပါသလားလို့ မေးမြန်းခြင်း ဒါမှမဟုတ် အဖြစ်အပျက်ကို မှတ်တမ်းတင်ခြင်း၊ အခြေအနေကို ပျံ့နှံ့စေဖို့ အနှောင့်အယှက်တွေ ဖန်တီးပေးခြင်း ဒါမှမဟုတ် “မင်း လုပ်နေတာတွေကြောင့် ငါ အဆင်မပြေဘူး”လို့ တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြချက်ကို ပြစ်မှုကျူးလွန်သူကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပံ့ပိုးနိုင်ပါတယ်။

၁၅။ နောင်လာနောက်သားတွေကို အသိပညာပေးပါ။

ကမ္ဘာ့အနာဂတ် အမျိုးသမီးရေးဝါဒီတွေကို လှုံ့ဆော်ဖို့ မိမိတို့လက်ထဲမှာ ရှိပါတယ်။။ မီဒီယာ‌တွေ၊ လမ်းပေါ်တွေနဲ့ ကျောင်းမှာ ကလေးငယ်တွေ ကြုံတွေ့ရတဲ့ ကျား၊ မ ပုံစံတွေနဲ့ ကြမ်းတမ်းတဲ့ အတွေးအခေါ်တွေကို စိန်ခေါ်ပါ။ မိသားစုဟာ လုံခြုံတဲ့နေရာဖြစ်ကြောင်း ကလေးတွေကို အသိပေးပါ။ သူတို့ရဲ့ ရွေးချယ်မှုကို အတည်ပြုပြီး ငယ်ရွယ်စဉ်မှာ သဘောတူခွင့်ပြုခြင်းရဲ့ အရေးကြီးပုံကို သင်ကြားပေးပါ။

၁၆။ စကားဝိုင်းကို စတင်ပါ (သို့မဟုတ်) ပါဝင်ပါ။

လူ့အသိုင်းအဝန်းမှာ မုဒိမ်းမှုတွေ ရပ်တန့်ဖို့ ဘာတွေကို အတူတကွ လုပ်ဆောင်နိုင်မလဲဆိုတာ မိသားစုနဲ့ သူငယ်ချင်းများ‌တွေနဲ့ ဆွေးနွေးပါ။

ယောက်ျားပီသခြင်းရဲ့ အဓိပ္ပာယ်ကို ဖွင့်ပြတဲ့ စကားဝိုင်းတစ်ခု၊ ဒါမှမဟုတ် အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းအတွက် ရန်ပုံငွေရှာဖွေတာ ဒါမှမဟုတ် မုဒိမ်းမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ မူဝါဒတွေကို ကန့်ကွက်ဆန္ဒပြဖို့ တွန်းအားပေးဆောင်ရွက်တာပဲ ဖြစ်ဖြစ်၊ မုဒိမ်းမှုကို ဆန့်ကျင်ဖို့ လူထုအားလုံး စည်းစည်းလုံးလုံး ရပ်တည်ကြရမှာပါ။

လီလီ

Ref: UN-Women 

16 ways you can stand against rape culture

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024