ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်အစိုးရက သင်္ဘောတစင်းကို ကြားဖြတ်ဟန့်တားချိန်မှာ အမေရိကန်ရေတပ်က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားရင်း ပင်လယ်ကွေ့အတွင်း လောင်စာဆီ မှောင်ခိုတင်သွင်းမှုကို ကာကွယ်ပေးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတဦးက အမေရိကန်ရေတပ်ကို ဇူလိုင် ၁၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
သင်္ဘောကို ကြားဖြတ်တားဆီးဖို့ အီရန်တပ်ဖွဲ့တွေ လှုပ်ရှားနေချိန်မှာ အမေရိကန်လေယာဉ်က ဧရိယာထဲကို ပျံသန်းလာခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့ တပ်မှူး ရာမာဇန် ဇိယာရာဟီက ပြောခဲ့တာပါ။
ဗီဒီယိုဖိုင်ထဲမှာတော့ IRGC အီရန်စစ်သင်္ဘောအနားမှာ ရှိနေတုန်း ရေနံတင်သင်္ဘောနားမှာ A-10 စစ်လေယာဉ်တစင်း ပျံသန်းနေတာကို တွေ့ရပါတယ်။ ရေနံတင်သင်္ဘောကို ရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်ပါဘူး။
IRGC တပ်မှူးရဲ့ ပြောကြားချက်ကိုလည်း သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
Source - Reuters