အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်း ရေးကျားနစ်ကျွန်းဆွယ်မှာ အင်အားပြင်း ငလျင်တရပ် လှုပ်ခတ်အပြီး မြို့တော် ရေးကျားဗစ်ခ်အနားက မီးတောင်တခု ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံရဲ့ မိုးလေဝသရုံး (IMO) က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
တောင်ပေါ်မြေပြင်က အက်ကွဲကြောင်းကနေ ချော်ရည်တွေနဲ့ မီးခိုးတွေ ထွက်နေတာကို ရုပ်ပုံတွေနဲ့ ဗွီဒီယိုတွေက ပြသထားပါတယ်။
ချော်ရည်တွေပေါက်ထွက်တဲ့ နေရာအတိအကျနဲ့ မကြာမီ နာရီပိုင်းအတွင်း ပေါက်ကွဲမှု ဘယ်လိုပြောင်းလဲလာမယ်ဆိုတာကို အကဲဖြတ်ဖို့ ကျွမ်းကျင်သူတွေက ဆောင်ရွက်နေပြီလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရေးကျားနစ်စ်ကျွန်းဆွယ်ဟာ မြို့တော် ရေးကျားဗစ်စ်ရဲ့ အနောက်တောင်ဘက်က မီးတောင်နဲ့ ငလျင်ဒဏ် သိသိသာသာ ထူပြောတဲ့နေရာမှာ ရှိပါတယ်။
၂၀၂၁ ခုနှစ် မတ်လမှာ ဖာဂရာဒေါလ်စ်ဖီးယော မီးတောင်စနစ်ရှိရာ မြေပြင်မှာ မီတာ ၅၀၀ ကနေ ၇၅၀ အထိရှည်တဲ့ အက်ကွဲကြောင်းတွေကနေ အံ့မခန်းလောက်အောင် ချော်ရည်တွေ ပေါက်ထွက်ခဲ့ပါတယ်။
Source - Reuters