ပိုလန်အစိုးရဟာ နိုင်ငံအရှေ့ဘက်ဆီ တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို ဇူလိုင် ၈ ရက်က စရွှေ့ခဲ့တယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဘီလာရုစ်နိုင်ငံထဲမှာ ရုရှားကြေးစားစစ်တပ်ဟောင်း ဝဂ္ဂနာအဖွဲ့က တိုက်ခိုက်ရေးသမားတွေ ရှိနေလို့ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံမှာ စိုးရိမ်မှုမြင့်တက်နေချိန်မှာ ပိုလန်နဲ့ ဘီလာရုစ် နယ်စပ်မှာ တင်းမာမှုတိုးလာနိုင်တယ်လို့ ပိုလန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီရုရှ်ဘလပ်ရှ်ကက်ခ်က "တပ်မဟာ ၁၂ နဲ့ ၁၇ စက်ယန္တယားတပ်မက စစ်သား ၁,၀၀၀ ကျော်နဲ့ စက်ပစ္စည်း အစီးရေ ၂၀၀ နီးပါဟာ နိုင်ငံ အရှေ့ဘက်ဆီ စရွေ့နေပြီ”လို့ တွစ်တာမှာရေးပါတယ်။
ယက်ဗ်ဂျေညီ ပရီဂေ့ါရှင်ရဲ့ ဝဂ္ဂနာကြေးစားစစ်တပ်က တိုက်ခိုက်ရေးသမားတွေကို ဘီလာရုစ် နိုင်ငံဆီ ပြောင်းရွှေ့ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နေတိုး မြောက်အတ္တ လန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းက အဖွဲ့ဝင်တွေဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်ခဲ့ ကြတာပါ။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက လူတွေ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းတဲ့နည်းနဲ့ ဘီလာရုစ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက နယ်စပ်မှာ ရွှေ့ပြောင်းအခြေချမှု ဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေတယ်လို့ ပိုလန်က စွပ်စွဲခဲ့ဖူး ပါတယ်။
Source-Reuters