အင်္ဂလန်နိုင်ငံ၊ ဝင်ဘယ်ဒမ်ခရိုင်၊ လန်ဒန်မြို့က စာသင်ကျောင်းတခုကို SUV ကားတစီး ဝင်တိုက်ပြီး ၈ နှစ်အရွယ် ကလေးငယ် သေဆုံးကာ ကလေး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန် ၆ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၅၄ မိနစ်မှာ SUV ကားက အရှိန်လွန်ပြီး စာသင်ကျောင်းကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီကားကို မောင်းနှင်လာသူဟာ အသက် ၄၀ အရွယ် အမျိုးသမီးဖြစ်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဝင်ဘယ်ဒမ် ပါလီမန်ကိုယ်စားလှယ် စတီပင်ဟမ်မွန်က “သေဆုံးသူ ကျောင်းသူလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျောင်းမှာ နှစ်ကုန်ပါတီ ကျင်းပတဲ့အချိန်ဆိုတော့ ကလေးတွေက ကျောင်းဥယျာဉ်ထဲမှာ ရှိနေတာပါ” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေကို အခင်းဖြစ်နေရာမှာပဲ ဆေးကုသမှုတွေပေးပြီး အနီးအနားက ဆေးရုံတွေမှာ အနားယူခိုင်းထားပါတယ်။
Source - ABC News