အင်ဒိုနီးရှားနိုင်ငံထဲက မေရာပီမီးတောင်ဟာ ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲ ဝန်းကျင်မှာ ချော်ရည်တွေ ၂ ဒသမ ၇ ကီလိုမီတာထိ စီးဆင်းသွားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
အမြင့် ၂,၉၆၃ မီတာရှိတဲ့ မေရာပီမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အတက်ကြွဆုံး မီးတောင်တွေထဲက တခုဖြစ်ပြီး နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး သတိပေးချက်အဆင့်မှာ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ တည်နေရာက ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေ စုဆုံရာဒေသဖြစ်လို့ မီးတောင်နဲ့ ငလျင်တွေ ပေါများပါတယ်။ ဒါကြောင့် ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့နေရာမှာ တည်ရှိပြီး အင်ဒိုနီးရှားမှာ တခြားနိုင်ငံတွေထက် မီးတောင်တွေ ပိုများပါတယ်။
မေရာပီမီးတောင်ဟာ နောက်ဆုံးအကြိမ်အနေနဲ့ ၂၀၁၀ ခုနှစ်မှာ ပေါက်ကွဲခဲ့ပြီး လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။
Source - Reuters