အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ ရှိရိဗ်ပို့ထ်မြို့မှာ ဇူလိုင် ၄ ရက် ညသန်းခေါင်ယံက လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပစ်ခတ်မှုတခုအတွင်း လူ ၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့အနောက်မြောက်ပိုင်းက လူပေါင်း ၁၀၀ နီးပါး စုဝေးရာနေရာကို သေနတ်သမား တဦးထက်မနည်းက ပစ်ခတ်ခဲ့တယ်လို့ ရှိရိဗ်ပို့ထ်မြို့ ရဲတပ်ဖွဲ့က ပြောခဲ့ပြီး သေဆုံးသူ လေးဦးစလုံးက အရွယ်ရောက်ပြီးသူတွေပါ။
ပစ်ခတ်မှုဖြစ်ပွားရာနေရာမှာ လူနှစ်ဦးသေဆုံးပြီး တတိယတဦးက ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ အနားက လယ်ကွင်းတခုမှာ ဇူလိုင် ၅ ရက် မနက်ပိုင်းက နောက်ထပ် အလောင်းကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရှိရိဗ်ပို့ထ်မြို့ ရဲအုပ် ဝိန်းစမစ်သ်က ပြောပါတယ်။
ပစ်ခတ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ အဖမ်းအဆီး မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Source - Reuters