ပြင်သစ်နိုင်ငံရောက် တရုတ်နိုင်ငံသားတွေအနေနဲ့ အဓိကရုဏ်းဖြစ်ရပ်တွေအတွင်း သတိထားကြဖို့အတွက် ဇူလိုင် ၃ ရက်မှာ တရုတ်အစိုးရက အကြုံပြုထားပါတယ်။
မာဆေးလ်မြို့မှာ တရုတ်ခရီးသွားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးရဲ့ ပြတင်းပေါက်တွေ ဖျက်ဆီးခံခဲ့ရတဲ့အပြင် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် သတိပေးချက် ထွက်ပေါ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်မှာ ပြင်သစ်ရဲတပ်ဖွဲ့က မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက်တဦးကို ရပ်တန့်စစ်ဆေးမှုအတွင်း ပစ်သတ်ခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ရုန်းရုင်းဆန်ခတ် ဖြစ်ပွားနေသလို ဘတ်စ်ကားလည်း ပျက်စီးသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာအနည်းငယ်စီ ရရှိသွားကြတဲ့ ခရီးသည်အများအပြားကို မာဆေးလ်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးချုပ်က အကူအညီပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က မှတ်ချက်ပေးပါတယ်။
ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း “အရေးပေါ်ကုသမှုတွေပါ ထောက်ပံ့ပေးခဲ့တယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
ဒီခရီးသွားတွေဟာ သူတို့ရဲ့ခရီးစဉ်ကို အဆုံးသတ်ကာ ပြင်သစ်နိုင်ငံကနေ ထွက်ခွာလာခဲ့ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။