Home
မြန်မာသတင်း
စစ်ကောင်စီတပ်က တလအတွင်း ပြည်သူ့နေအိမ်အလုံး ၂၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
July 3, 2023

ပြီးခဲ့တဲ့ ဇွန်တလတာအတွင်း စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၉၀ ကျော်ထိ ကျူးလွန်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက အရပ်သားနေအိမ် အလုံး ၂,၆၀၀ ကျော် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၇၉ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂,၅၁၁ လုံးအထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၉ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦး ၄ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၇၇ လုံးအထိ ရှိခဲ့ကာ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း တကျောင်း ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ နှစ်ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၀ လုံးအထိ ရှိခဲ့ပြီးတော့ မီးရှို့သတ်ဖြတ်ခံရသူ ၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ နှစ်ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၀ လုံးအထိ ရှိခဲ့ကာ ရှမ်းပြည်နယ်မှာလည်း မီးရှို့ခံရတဲ့ အကြိမ်ရေ နှစ်ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ်အလုံး ၄၀ အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၅ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၄ လုံးအထိ ရှိခဲ့ပြီးတော့ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင် ကျောင်း တကျောင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက် အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်း ဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024