Home
မြန်မာသတင်း
ဝက်လက်ဘုရားကုန်းပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
July 2, 2023
357693843_282282767633601_8478818129291275930_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်းပေါ်မှာ ယာယီတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁ ရက် ည ၇ နာရီခွဲလောက်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြိုနယ်၊ စဉ့်ကိုင်ရွာကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ဝက်လက်မြို့နယ်၊ ရှိမ္မကားရွာဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ရွှေကျင်ကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် ဘုရားကုန်းမှာ ယာယီစခန်းချနေတာလို့  ဆိုပါတယ်။

"သွားပြီး ဒရုန်း ၄ စီးနဲ့ချတိုက်ခိုက်တာ။ သူတို့ပဲ ကံဆိုးချင်လို့လား မသိဘူးဗျာ။ ကျနော်တို့သွားပြီး ဒရုန်းနဲ့ဗုံးသီးချတဲ့အချိန်မှာ ရွှေကျင်ကျေးရွာက ပြည်သူနွားတကောင်ကိုသတ်ပြီး အမဲဖြတ်နေတဲ့နေရာကို ဗုံးသီးချတဲ့နေရာနဲ့ ကွက်တိဖြစ်သွားတယ်။ ပထမ အမဲဖြတ်နေတာက ၁၀ ဦးပါ။ ၁ ဦးက အပြင်ထွက်သွားလို ၉ ကောင်နေရာတင်သေဆုံးတယ်။ နောက်တနေရာက ဘုရားကုန်းမှာတပ်စွဲနေတဲ့ ကတုတ်ကျင်းထဲကို တည့်တည့်ချနိုင်ခဲ့တယ်ဗျ။ အဲအကြိမ်ကတော့ ၄ ကောင်သေပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ သိထားရတယ်။ သူတို့ဘက်က အဲလိုအတိုက်ခိုက်ခံရလို့ ကျနော်တို့ဘက်ကို စနိုက်ဘာတချက်ကောင်တာပြန်တယ်။ နောက်ပြီး ဒရုန်းနဲ့ တန်ပြန် ကျနော်တို့ဘက်ကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ သူတို့ပစ်ခတ်၊ ဗုံးသီးချတဲ့နေရာ နဲ့ ကျနော်တို့နဲ့က တ‌ခြားစီဖြစ်နေတာကြောင့် အထိအခိုက်မရှိခဲ့ဘူး” လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ တပ်ရင်မှူး ဆရာလေးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောင်ကြားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း - ၁ (နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း - ၁၅၊ ဆားတောင်မိုးကြိုး (Local PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဘုရားကုန်းမှာ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024