အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ ဇွန်လ ၃၀ ရက် မနေ့ ညနေပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က ပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရ အသေအပျောက်သတင်းတွေ ချက်ချင်း မရရှိခဲ့သလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်း မရှိပါဘူး။
အနက် ၂၅ ကီလိုမီတာ ၁၅ မိုင် မှာ အင်အားအသင့်အတင့်ရှိငလျင် လှုပ်ခတ်ခဲ့တာကို ယိုဂျာကာတာ ဒေသရှိ မြို့အများအပြားနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေအများဆုံးကျွန်းဖြစ်တဲ့ ဂျာဗား အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့မှာခံစားခဲ့ရကြောင်း ဘူမိရူပဗေဒအေဂျင်စီက ပြောပါတယ်။
အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုတခုမှာတော့ ယာဉ်ကြော ဆိုင်းဘုတ်တွေ၊ ကားတစီးနဲ့ ခြံဝင်းအတွင်းက သစ်ပင်တွေ လှုပ်ယမ်းနေတာကို တွေ့ရပါတယ်။
တခြားဗီဒီယိုတခုမှာတော့ ငလျင်လှုပ်ခတ်ပြီးနောက်မှာ နံရံပြိုကျတာတွေနဲ့ မျက်နှာကြက်က အပျက်အစီးတွေကို ပြသခဲ့ပါတယ်။
အရှေ့တောင်အာရှရှိ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းလို့ခေါ်တဲ့ ကမ္ဘာမြေ အပေါ်ယံလွှာမှာ မတူညီတဲ့ မြေသားတွေ ထိတွေ့ပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မီးတောင် အများအပြား ပေါက်ကွဲတတ်တဲ့ အလွန်တက်ကြွတဲ့ ငလျင်ဇုန်ရပ်ဝန်းတခု ဖြစ်ပါတယ်။