Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်၌ တောင်တူးဖော်စဥ် မြေပြိုပြီး ရိုဟင်ဂျာ ၁ ဦး သေဆုံး
DVB
·
June 29, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဇ်ဘဇားခရိုင်ထဲက ပါဟာတလီ အိုက်စ်လန်ပူ နယ်မြေမှာ တောင်တလုံးကို တူးဖော်နေစဥ်အတွင်း ရုတ်တရက် မြေပြိုပြီး ရိုဟင်ဂျာ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဇွန် ၂၈ ရက်မှာ ဖော်ပြပါတယ်။

ဇွန် ၂၇ ရက်က အလုပ်သမားအများအပြားနဲ့ တောင်ကို တူးဖော်နေစဥ်အတွင်း ရုတ်တရက် မြေပြိုကျခဲ့တာဖြစ်ပြီး ဖြစ်စဥ်မှာ တခြားအလုပ်သမားတွေ လွတ်မြောက်ခဲ့ပေမဲ့ ရိုဟင်ဂျာ အမျိုးသားဖြစ်သူ အသက် ၂၂ အရွယ် ရစင်အဟ်ရာဖက် ဆိုသူ သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီးသတ်ဌာနတခုမှ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ ရစင်အဟ်ရာဖက်ဟာ အရင်က ကော့ဇ်ဘဇားအခြေစိုက် ဒုက္ခသည်စခန်းတခုမှာ နေထိုင်ရာကနေ ထွက်ပြေးကာ မိသားစုနဲ့အတူ ပါဟာတလီအိုက်စ်လန်ပူ နယ်မြေမှာ အိမ်ငှား နေထိုင်ခဲ့ပြီး ဒေသတွင်း အလုပ်ကြမ်းတွေ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုသူလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို သတင်းရရချင်း နယ်မြေခံ ကယ်ဆယ်ရေးအသင်းတွေနဲ့ မီးသတ်ဌာန တာဝန်ရှိသူတွေ ချက်ချင်းလာရောက်ကာ ကယ်ဆယ်ရေးပြုလုပ်စဥ် အလုပ်သမားတဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ သေဆုံးသူ ရစင်အဟ်ရာဖက်ကိုတော့ မြေကြီးထဲကနေ တနာရီကျော်ကြာ ကယ်ထုတ်ခဲ့ရပြီး ဆေးရုံကိုပို့ဆောင်စဥ် ဆေးရုံအရောက်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Source - Dhaka Tribune

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024