Home
မြန်မာသတင်း
ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်တွင် ငလျင်ထပ်လှုပ်
DVB
·
June 21, 2023

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်မှာ ဇွန်လ ၂၁ ရက် ဒီနေ့မနက်က အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ထပ်လှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၉ နာရီ ၁၇ မိနစ် ၂၄ စက္ကန့်အချိန် ကမ္ဘာ‌အေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၈၁ မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၆၉ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။

ဇွန်လ ၁၉ ရက် မနက် ၈ နာရီကျော်လောက်လည်း မြန်မာပင်လယ်ပြင် ဖျာပုံမြို့ အရှေ့တောင်ဘက် မိုင် ၇၀ ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024